Part - 32⚡

9.4K 420 18
                                    

🔹Unicode🔹

"သည်းငယ်လေးရေ သုန်သုန်ရေ"

"အီး ဟီး တယ်ဒီ ‌ဖေဖေက သုန်သုန်ချွဲကြိုးကို ယူရာ တိုတိုပေးထားတာပါချို"

သုန်သုန်တစ်ယောက် ဦးသက်ဘုန်းနိုင်ခေါ်သံကြားတော့ အပြေးအလွှားနဲ့ ထင့်ကိုငိုယိုပြီး တိုင်လေသည်။

"ဟုတ်လား ဒယ်ဒီသားလေးကို လာလာဒယ်ဒီချီမယ် ဖေဖေရောဘယ်မှာလဲ"

ထင်လဲ နောက်ကနေလိုက်လာပြီး

"ဦး ကျွန်တော်က ကိုယ့်သားလေးမို့ ချစ်လို့ အမဲကြိုးကြီးထက် ရွေဆွဲကြိုးလေးပိုကောင်းမယ်ထင်လို့ ၀တ်ပေးတာကို"

ထင်လဲ သူ့လက်ထဲမှလက်စွပ်လေးတွဲရက်ပါတဲ့ အမဲရောင်ဆွဲကြိုးကို ပြလေသည်။

"အဲတာ သုန်သုန့်ကိုခေါ်လာကထဲက ပါတာမလား"

"သုန်သုန့်ကို တိုတိုပေးတာ တယ်ဒီ အီး"

"အင်း ဟုတ်ပါပြီး သုန်သုန်ရေ
သည်းငယ်ဦးကို အဲ့ဆွဲကြိုးပြ ဦးသေချာကြည့်အုံးမယ်"

ကြိုးကတော့ ရိုးရိုးအမဲရောင်ကြိုးဆိုပေမယ့် ‌လက်စွပ်ကနီလာကိုရွှေဖြူဖြင့် ကွပ်ထားသည်။လက်စွပ်ရဲ့အတွင်းပိုင်းမှာ

' 𝒦𝒦 ♡𝒯𝒯  '

ဟု စာလုံးထွင်းထားသည်။

"သည်းငယ် ကြိုးကရိုးရိုးအမဲရောင်ကြိုးဆိုပေမယ့် လက်စွပ်ရဲ့တန်ဖိုးကမနည်းဘူး ရွှေုဖြူဆိုပေမယ့် အတော်တန်ဖိုးရှိတယ် ပြီတော့ဒီနီလာ ဒါဦးမြင်ဖူးတဲ့အထဲမှာ အရည်အသွေးအကောင်းဆုံးပဲ"

"ဟင် ဦး ဒါဆို ကျွန်တော်တို့ ရန်ကုန်ကိုအမြန်ပြောင်းစို့လို့ သုန်သုန့်မိဘတွေ..."

"မဟုတ်ဘူး ခဏ သည်းငယ်
သုန်သုန် ဒီမှာသားဆွဲကြိုးနော် ဒယ်ဒီပြန်ဆွဲပေးမယ်"

သူ့‌ဆွဲကြိုးလေးပြန်ရသွားတဲ့ သူန်သုန်က လက်ဖောင်းဖောင်းလေးများဖြင့် လက်ခုပ်တီး၍ ပျော်နေလေသည်။

"‌ယေး ဟုတ်တဲ့ တယ်ဒီ သုန်သုန့်ဟာ"

"ဒါဆို လေးလေးနဲ့ကာတွန်းကားကြည့်ရင်း မုန့်သွားစားနော်"

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now