Part - 6⚡

13.4K 753 32
                                    

🔹Unicode🔹

"အား မွှေးလိုက်တာ"

"သားလေး လာလေ ဒီမှာသားသက်ဘုန်းနိုင်က စားချင်တယ်ပြောလို့ အမေ ကိုယ်တိုင်ကော်ရည်ခေါက်ဆွဲချက်ထားတာ"

အရင်ကတော့ ပိတ်ရက်များတွင် ကျူရှင်နဲ့ အင်္ဂလိပ်သင်တန်းမှာ လာစောင့်ပြီးပဒီးပဒါးတွေပြောရင်းနှောက်ယှက်နေတတ်သည်။အခုတော့အားမရနိုင်ဘဲ ဆောင်းဦးပိုင်းတုန်းက Treasure ကတစ်နှစ်တစ်ခါမှလုပ်တဲ့ ရတနာစိန်ကျောက်လက်၀တ်ရတနာပြပွဲမှာ အမေ့ကိုအခမဲ့တက်ရောက်ခွင့်ပြုတဲ့အပြင် အမေသဘောကျနေတဲ့ သိန်း20000ခွဲတန် ဘယက်တစ်ခုကိုပါ လက်ဆောင်ပေးလေတော့ အမေက သားသက်ဘုန်းနိုင် သားဆိုတာက ပါးစပ်ဖျားကမချတော့။

ထို့အပြင် "အမေကျန်းမာရဲ့လား" "အမေMedical check-upလုပ်ချင်ရင် ထိုင်းက အကောင်းဆုံးဆရာ၀န်နဲ့ချိတ်ပေးပါ့မယ်" "အမေဒီDesignအသစ်လေး အမေကြိုက်မလားလို့ သားအရင်လာပြကြည့်တာ" "အမေ အမေကသားအတွက်တော့ မွေးမိခင်ပမာ ကျေးဇူးကြီးမားလှပါတယ်" ဟု အမေကိုပါးစပ်ပေါက်ကြီးကမချလေတော့ အမေနီလာတို့များ သားအရင်းကိုယ့်ကိုတောင် ဟိုလူကြီးလောက် အရေးမပေးပေ။အဖေကတော့ ပုံမှန်‌ပင် ဒါတောင် ဟိုလူကြီးက အဖေ့ကိုလဲ မထင်ရင်မထင်သလိုမျက်နှာလုပ်တတ်သေးသည်။ထို့ကြောင့် ပိတ်ရက်များတွင် ထင့်အိမ်သည် ဦးသက်ဘုန်းနိုင် လူပျိုလှည့်ရင်း စားအိမ်သောက်အိမ်ဖြစ်လို့နေသည်။

"အမေတို့များ သားဒံပေါက်လေးစားချင်ပါတယ်ဆိုတာကျ ချက်မကျွေးဘူး"

"သည်းငယ် စားချင်ရင် ကိုယ်အောင်ကျော့်ကို ၀ယ်ခိုင်းလိုက်မယ် ကိုယ်၀ယ်ပေးဆိုလဲ အခုသွား၀ယ်ပေးမယ်လေ"

မေတ္တာတုံးတဲ့ထဲက အတုံးဆုံးပင်။မိဘများရှေ့တွင်လဲ မရှောင်သူခေါ်ချင်သလို ခေါ်သည်။အမေနဲ့အဖေကတော့ ကိုယ့်သားကို ဒီလိုခေါ်တာတောင် ဖာသိဖာသာနေတာ အံ့ဩစရာပင်။

"တော်ပါ ခင်ဗျားကို နဂိုကမေတ္တာတုံးနေတာ"

"ဟဲ့ သား အကြီးကိုဘယ်လိုပြောလိုက်တာလဲ"

တွေ့လား! အမေတို့များ အံ့ဩပါ့ကမ္ဘောဇ။

"ရပါတယ် အမေ သည်းငယ်က မသိလို့ပြောတာကို ကျွန်တော်နားလည်ပါတယ်
သည်းငယ်ကလဲ ကိုယ့်ကိုကြိုက်သလောက်စွာပါ မေတ္တာတုံးတယ်ကြီးကတော့"

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now