Part - 13⚡

10.5K 558 3
                                    

🔹Unicode🔹

Yadanarbon Universityမှာ Physic Major နဲ့ First Year စတက်နေပြီဖြစ်တဲ့ ထင်ဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးဖြစ်ရုံသာမက တစ်ချို့သော ယောက်ျားလေးများ၏ ပိုးပမ်းခြင်းကိုရော ခံရတဲ့ The Whole Kingလေးဖြစ်သည်။Facebook မှာလဲ blameသူမရှိတဲ့ လူတိုင်းရဲ့အကြည်ဓာတ်လေးဖြစ်နေသောကြောင့် ဦးသက်ဘုန်းနိုင်တစ်ယောက် စိတ်မချနိုင်ဖြစ်နေရသည်။ထင် Postတစ်ခုတင်လိုက်ရင်ကို ပဲကြီးဟင်းစားထားသလို ထိုင်မရ ထမရဖြစ်နေတော့သည်။Commentတွေ ၀င်ဖတ်ကြည့်ရင်း သူလေးreplyပြန်ထားတာတွေများတွေ့ရင် မိမိမှာ အသက်က28ကျော်ကျော်ရှိသေးသော်လည်း သွေးကျဆေးတောင် သောက်နေရသည်။အခုတော့ သူလေးရဲ့ကျောင်းကြိုကို တာ၀န်ယူထားသည်။ကျောင်းပို့က အလုပ်ချိန်နဲ့ကြောင့် အမြဲတမ်းအတွက် မကောင်းဘူးဟူသော သူလေး၏ဆုံးမစကားကြောင့် ကျောင်းအကြိုတော့ခွင့်ပြုဖို့ပြောထားသည်။

"Boss သိလား"

အလုပ်တွေများသော်လည်း ကျောင်းဆင်းစွာစိလေးစောင့်နေရမည်ဆိုးသောကြောင့် လက်ကျန်အလုပ်များကို ကားပေါ်မှာလုပ်ရတာ အကျင့်ဖြစ်လို့နေသည်။ကိုယ်က အလုပ်ရှုပ်နေပါတယ်ဆို ရှေ့ကနေ ပြောစရာရှိတာမပြောဘဲ စကားပလ္လင်လာခံနေတာကို ပြန်ပြောဖို့ အစီအစဉ်မရှိ။

"Boss ကောင်လေးကိုလေ"

"ဘာဖြစ်လဲ သည်းငယ်ကို"

"ဟို ဒီရက်ပိုင်း Boss အလုပ်ရှုပ်နေတာသိတော့ ကိုသန့်စင် မပြောတာ"

ထပ်မံ၍ ပြောစရာရှိတာ မပြောဘဲ စကားပလ္လင်ထပ်ခံပုံပေါ်ရင် ကြားရမည့်သတင်းက မကောင်းမှန်း 99.99%လောက် သေချာသည်။

"လိုရင်းပြော ငါစိတ်လေးလာပြီ"

"Boss ကောင်လေးကို ကြိုက်တဲ့သူများတာသိတယ်မလား"

"အဓိကပြောချင်တာပြော ငါစိတ်ကိုလာစမ်းနေတာလား အောင်ကျော်"

"မဟုတ်ပါဘူးBoss"

"မြန်မြန်ပြော အဲ့ဆို"

"Boss ကောင်လေးကို သူတို့ကျောင်းက အောင်ခန့်ဆိုတဲ့ ကောင်လေးက ကော်ကပ်ထားသလိုလိုက်နေတယ်တဲ့"

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now