Part - 15⚡

12.8K 582 6
                                    

🔹Unicode🔹

"ငါတို့ ကောင်ကြီးထင် ဒီရက်ပိုင်း ပျောက်နေတာများ ခုမှမိတော့တယ်"

မြတ်မှူးက ဘေးထိုင်ခုံကို လွယ်အိတ်တင်ရင်း ပြောလိုက်သည်။နေရာက ကျောင်းCanteenမှာဖြစ်သည်။

"မင်းတို့ကျတော့ရော အပူတွေနားကပ်နေပြီ ဟိုကောင်ဝေလျှံကလဲ မမ မမနဲ့ မင်းရောဘာထူးလဲ အားတာနဲ့ ဟိုအကိုစောမင်းမောင် ပန်းချီဆွဲလောက်မယ့် နေရာတွေပတ်ရှာနေတာ"

"မဟုတ်တာကွာ မင်းကိုက ကျောင်းဆင်းရင် ဘယ်မှာမှ လိုက်ဖမ်းလို့မရတာ ကျောင်းစဖွင့်ကထဲက ဘယ်တွေသွားပြီး ဘာတွေလုပ်နေတာလဲ"

"အာ...ဒီလိုပါပဲကွာ"

"မူမနေပါနဲ့ကွာ မင်းဦးသက်ဘုန်းနိုင်နဲ့ တွဲနေပြီမို့လား"

"-ီးကိုတွဲ ပေါက်ပေါက်ရှာရှာ ငါမင်းတို့အဖြောင့်ပါလို့ပြောလာတာ 9တန်းကထဲက ခုဆို second yearတောင် စတက်နေပြီ မယုံသေးဘူးလားကွာ"

"မသိဘူးလေကွာ မင်းတို့နှစ်ယောက်ကို Shipကျလွန်းလို့ ငါကတွဲနေပြီတောင်ထင်နေတာ မင်းကလဲ ဦး ဦး နဲ့နေတာကို"

"ဟာ...ဘာဆိုင်"

"ထင် စောင့်နေတာကြာသွားပြီလား မြတ်လေး toilet၀င်နေလို့ ကြာသွားတယ်"

"ရပါတယ် မြတ်လေး ကျွန်တော်‌လဲ ခုလေးတင်မှရောက်တာ"

"ဟျောင် ထင် ဒါက မြတ်သဒ္ဓါမလား"

"အာ နှိုင်းဝေလျှံထွန်းတို့ပဲ မတွေ့တာတောင်ကြာပြီနော် မြတ်လေးကိုမှတ်မိကြသေးတယ်ပေါ့"

"အာ ဟုတ်တယ် မြတ်သဒ္ဓါက ရုပ်တွေဘာတွေတောင် အရင်ကနဲ့သိပ်မတူတော့ဘူး"

"ပိုင်မြတ်မှူးခန့်လဲ အရင်ကထက်တောင် အရပ်ပိုရှည်လာတယ်နော် ထင်တို့တော့ တူတူသွားရင် ညီလေးတွေလို့ အထင်ခံရတော့မှာပေါ့ ခစ်ခစ်"

"မဟုတ်ပါဘူး မြတ်လေးရဲ့ ဒီရုပ်နဲ့ဒီရုပ် ညီအကိုထင်စရာလား"

"ဒါနဲ့ မြတ်သဒ္ဓါက ဘာ majorလဲ အရင်နှစ်က မတွေ့မိဘူးလားလို့"

"မြတ်လေးက သမိုင်းကလေ အရင်နှစ်က မတွေ့တာက မြတ်လေးက10တန်းတစ်နှစ်ကျလို့ ဟီး"

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now