Part 2 U&Z

45.6K 2.8K 63
                                    

Sweety မျက်နှာမြန်မြန်သစ်ပြီးနောက် ကျွန်းဘီရိုကြီးရှေ့ရပ်လိုက်ကာ  jean pant အပြာနုရောင်အပွလေးနှင့် တီရှပ်အဖြူကို ထုတ်လိုက်သည်။ အိင်္ကျီစကို ဘောင်းဘီထဲ သေချာထည့်လိုက်ပြီး T &S branded ခါးပတ်အနက်ရောင်လေး ပတ်လိုက်သည်။ ထို့နောက် လိမ္မော်ရနံ့ ရေမွှေးလေးအား လက်ဖျံနဲ့ ဂုတ်နားကို ဆွတ်လိုက်၏။

မျက်နှာကိုလဲ Sun cream လိမ်းလိုက်ပြီး ဝဲကျနေသော ဆံသားညိုညိုလေးတွေကို အပေါ်တစ်ဝက်ယူလိုက်ပြီး ခေါင်းစည်းကွင်းအနက်လေးနဲ့ စီးနှောင်ပလိုက်၏။ ဘီရိုနားက ကိုယ်လုံးပေါ် မှန်ကြီးရှေ့ ရပ်ကြည့်လိုက်ပြီး စိတ်ကျေနပ်မှ အခန်းထဲက ထွက်လာခဲ့သည်။ သူ့အခန်းက အောက်ထပ်မှာပင် ရှိတာမို့ ထမင်းစားခန်းနဲ့ နီးလေသည်။ 

ဒေါ်လေးနဲ့ တူဝရီးနှစ်ယောက်ထဲသာ ရှိတော့တာမို့ အောက်ထပ်မှာပဲ နေဖြစ်တော့သည်မှာ သူ့မိဘတွေ ဆုံးသွားကထဲကပင်။ အစက sweety က အပေါ်ထပ်မှာ နေခဲ့ခြင်းဖြစ်သည်။ ခုတော့ ဒေါ်လေးနဲ့ ဘေးချင်းကပ်အခန်းမှာ နေသည်။

အိမ်က နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး အောက်ထပ်မှာတင် ဧည့်ခန်း ၊ ထမင်းစားခန်း၊ ဒေါ်လေးနဲ့ sweety အခန်းအပြင် ဧည့်သည်လာရင် တည်းလို့ရအောင် အခန်းပို တစ်ခန်း ရှိသေးသည်။ အပေါ်ထပ်ကတော့ ဘုရားခန်းအပြင် အခန်းလေးခန်း ထပ်ရှိသေးသည်။

sweety ဝတ်သမျှ အဝတ်အထည် အသုံးဆောင် အားလုံးက ဦးရဲ့ T &S brand များသာ ဖြစ်သည်။ အသစ်ထုတ်သမျှ အဝတ်တွေ၊ ရေမွှေးတွေ ၊ ပိုက်ဆံအိတ် ၊ ခါးပတ်၊sneaker ၊ shoesတွေ စသည်ဖြင့် အသုံးဆောင် အားလူံး စထုတ်တာနဲ့ စျေးကွက်ထဲ မဖြန့်ခင် sweety ဆီ ဦးဆုံးပို့ပြီးသား ဖြစ်သည်။ ဒီလောက် သူ့အပေါ် ချစ်ပေးတဲ့ ဦးအချစ်တွေကို အရင်ကထဲက မြင်အောင်မကြည့်ခဲ့မိလေခြင်း ဆိုပြီး တွေးမိတော့ ခံပြင်းစိတ်က ဝင်ရောက်လာ၏။

ဦးရဲ့ brand က ဘယ်လောက်
အောင်မြင်လဲဆို အကန့်အသတ်ဖြင့်ထုတ်တဲ့ T &S branded တွေ သုံးနိုင်မသုံးနိုင်ပေါ် မူတည်ပြီး ချမ်းသာလား မချမ်းသာလား ခွဲ ခြားကြသည်အထိလို့ ကြားခဲ့ဖူးသည်။ နောင် နှစ်နှစ်ဆိူ ပိုလို့တောင် ကျော်ကြားအုံးမည်။ car showroom ဘက်ကိုပါ စီးပွားရေး ထပ်ချဲ့လာတော့မှာ ဖြစ်သည်။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now