Extra 1

17.4K 1K 70
                                    

🎼 ဒီတန်ခူး ရွှင်မြူး နှစ်ကူးရောက်ပြီလေ......🎼
🎼ရွဲစိုအောင် ပတ်လိုက်တော့လေ...မောင်မောင်ရယ်တဲ့...🎼
🎼ရွဲစိုအောင် ပတ်လိုက်တော့ ချမ်းပါတယ် ဗျ....🎼
🎼သကြ်န်ရေက အေးပါတယ်ကွယ်.... 🎼
🎼သကြ်န်ရေက ချမ်းပါတယ်ကွယ်...🎼
🎼ကျူံးရေသီကာ ပတ်ကာဝိုင်း....🎼
🎼တန်ခူးလ ရောက်လေတိုင်း...🎼
🎼သကြ်န်ကားလေးနဲ့ ရေကစားထွက်လို့လည်..🎼
🎼ကိုကိုတို့ ရေကစား ထွက်လို့လည်... 🎼

သကြ်န်အတတ်နေမို့ အရင်နေ့တွေထက် ခုနေ့ ပိုစည်နေသည်။ သကြ်န်တေးသီချင်းသံတွေ ပျံ့လွင့်လာပြီး သားသားတို့က သကြ်န်လည်တဲ့ ကားတွေ ဆိုင်ကယ်တွေ လာရင် ပတ်လိုက်...ပတ်စရာလူမရှိရင် သူ့တို့ ဦးဦးတွေ ဖြစ်တဲ့ ဟန်သာနဲ့ ကိုမင်းမြတ် ၊ ကိုပိုင်ဦး နဲ့ သန့်စင် ၊ ဇာနည်နဲ့ ခန့်ကို တို့ကို ပတ်လိုက် သူတို့အချင်းချင်း ရေသေနတ်နဲ့ ပစ်လိုက်နဲ့ ခုန်ပေါက်ကာ ပျော်ရွှင်နေကြသည်။ ဖေကြီးနဲ့ဖေဖေကို သားသားတို​့ သကြ်န်နေ့တိုင်း အရင်ဆုံးလောင်းချင်ပါတယ်ဆိုပြီး မနက်စာစားပြီးကထဲက တတ်ညီလက်ညီနဲ့ သကြ်န်ရေ လောင်းတော့သည်။ သူ့ဘွားဘွားကိုလဲ ဥပုသ် သွားမစောင့်ခင် လောင်းချင်ပါသည်ဟု ဂျီကျသည်ကြောင့် ဒေါ်လေးမှာ သူ့မြေးတွေကို ပြုံးကြည့်ပြီး သကြ်န်ရေလောင်းခံတော့သည်။

'' ကိုအဲရေ...ကိုကြီးကို ရေသနတ်နဲ့ ပစ်ကြမယ်...ဝမ်း..တူး..သရီးး..ရေးးး....ခစ်..ခစ်...''

'' ညီညီ...ပစ်ထား...ကိုအဲကို ကိုကြီး ပြန်ပစ်နေပြီ... .ခစ်..ခစ်..''

'' အငယ်နှစ်ကောင် ပေါင်းပြီး ကိုကြီးကို ပစ်တယ်ပေါ့...ရော့ ကွာ....''

ကိုကြီး ရေသေနတ်နဲ့ ပြန်ပစ်တုန်း ကဲကဲမှာ ရေကုန်သွားသဖြင့် ဦးပိုင်ဦးဆီ ပြေးကာ ရေထည့်ခိုင်းတော့သည်။

'' ဦးပိုင်...ကဲကဲလေးကို ရေမြန်မြန် ထည့်ပေးပါ...ကိုကြီးနဲ့ ကိုအဲ ကစားလို့ပြီးတော့မယ်...''

'' ဦးပိုင် မြန်မြန်ထည့်ပေးနေပြီနော်..ကဲကဲလေး ''

ပိုင်ဦး ရေသံစည်ပိုင်းထဲ သေနတ်လေးအမြန်နှစ်ပြီး ရေထည့်ကာ ကဲကဲလေးဆီ မြန်မြန်ပေးလိုက်သည်။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now