Part 29

20.2K 1.2K 83
                                    

'' ဒေါ်လေး... သား နို့ဘူးတွေ စားပွဲပေါ် တင်ခဲ့ပြီးနော် ''

'' ထားခဲ့ သားငယ်...ရေချိုးတော့ ''

Sweety ဧည့်ခန်းထဲရှိ ကျွန်းစားပွဲရှည်ပေါ်တွင် သားသားတို့အတွတ် နို့ဘူးသုံးဘူးဖျော်ပြီး တင်ထားလိုက်သည်။

မနက်ခင်းတိုင်း သားသားတို့က ခြောက်နာရီလောက်ဆို ပုံမှန်လို နိုးကြသည်ဖြစ်ရာ သူနဲ့ဦး သားသားတွေရဲ့ ညဝတ်ဒိုက်ဘာတွေကို လဲပေးသည်။

လေဝင်လေထွက်ရအောင် မနက်ဘက်ဆို ဘောင်းဘီသာ ဝတ်ပေးသည်။ ခုလဲ သားတွေအား ပုံစံတူအရောင်ကွဲ ကာတွန်းဝမ်းဆက်လေးတွေ ဝတ်ပေးလိုက်သည်။

မျက်နှာသစ်ပေးပြီး baby cream လေးတွေ လိမ်း၊ ဝတုတ်လေးတွေဆိုတော့ အရစ်တွေထနေကာ အသားလေးတွေ ပြဲမှစိုးလို့ ပေါင်ဒါပါ သေချာလိမ်းပေးရသည်။

Sweety နဲ့ ဦးလဲ သားဦးကလေးမှာတင် သားသား သုံးယောက်ရသည်မို့ ကလေးဝေယျာဝစ္စတွေမှာ ကျွမ်းကျင်သူကြီးတွေ ဖြစ်ကုန်တော့သည်။

သားသားတို့ကို အကုန်ပြင်ဆင်ပေးပြီးသည်မို့ ဒေါ်လေးနဲ့ ဧည့်ခန်းထဲက ဖော့အထူခင်းထားသည့်အပေါ်တွင် ထားခဲ့လိုက်သည်။

အိမ်မှာလဲ မသိတဲ့သူဆိုရင် ကလေးကစားကွင်းနဲ့ မှားမှာသေချာသည်။ သားသားတို့က သုံးယောက်ဆိုတော့ အမှတ်တမှတ် ထိန်းးနေရင်း နောက်လန်ကျမှာ စိုးသည်ကြောင့် ဧည့်ခန်းနဲ့ သူတို့အိပ်ခန်းထဲတွင် ဖော့အထူအိအိတွေက နေရာအပြည့် ခင်းထားလေသည်။

Sweety သားသားတို့ကို တချက်လှမ်းကြည့်ပြီး ဒေါ်လေးကို ခေါင်းညိမ့်ပြကာ အခန်းထဲသို့ ပြန်လာခဲ့သည်။

သူ့ရဲ့ အသဲနှလုံးကြီး ဦးက ခုမနက် နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ရိတ်ပေးပါအုံး ပြောထားသည်ကြောင့်ရော ရေအတူတူချိုးကြမယ် ကလေးဆိုပြီး ရေချိုးခန်းထဲ စောင့်နေသည်ကြောင့် အခန်းထဲ ရောက်သည်နှင့် အဝတ်မြန်မြန်ချွတ်ကာ ရေချိုးခန်းဘက် သွားလိုက်သည် ။

ကလေးတွေ မွေးလို့ သူ့ရင်သားကြီးလာသည်ဟု ဒေါ်လေး ထင်သွားပြီဖြစ်တာကြောင့် အိမ်နေရင်း ရင်စည်း စည်းထားစရာ မလိုတော့။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now