Part 21.(U&Z

24K 1.5K 78
                                    

  '' ဟား..ဟား...ချိုမြိန်သောကို ငါ နိုင်ပြီ...ဟား..ဟား.. ဟားး ''

ခန့်ကို ထောင်ဝန်ထမ်း ညွှန်ပြသော အဆောင်ငယ်ရှေ့ သံတိုင်တွေ ကာရံထားသော ​ပြတင်းပေါက်ကနေ ရဲသူကို ကြည့်နေမိသည်။

မျက်နှာ မှာလဲ ဒဏ်ရာ တွေနဲ့ အည်ိုမဲ စွဲနေပြီး လူကလဲ ဆံပင်တွေပွယောင်း ရှုပ်ပွနေပြီး တဟားဟား အော်ရယ်နေသည်မှာ ရူးသွပ်နေမှန်းသိသာသည်။

ဂေဟာက ဘွားဘွားဒေါ်သီကို ရဲသူအကြောင်း သူဘယ်လိုပြောရမလဲ။ ငယ်ငယ်ကထဲက ကလေးဘဝရော ကျောင်းတတ်ချိန်မှာ တပူးတွဲတွဲ သူတို့နှစ်ယောက် ရှိခဲ့ဖူးသော ငယ်ဘဝကို ပြန်တွေးမိပြီး မထိန်းထားနိုင်စွာ သူ့ပါးပြင်ထက် မျက်ရည်တို့ စီးကျလာသည်။

ရဲသူသာ ကိုယ့်ဖြစ်တည်မှုဘဝကို ကောင်းကောင်းလက်ခံပြီး ရိုးရှင်းစွာ နေခဲ့မယ်ဆိုရင် ခုလို အဖြစ်မျိုး ကြုံတွေ့ရမှာ မဟုတ်တာ သေချာသည်။ 

က်ိုယ့်ပြုသည့်ကံ ကိုယ့်ထံပြန် ဆိုတဲ့စကား သိပ်မှန်သည်။ သူလဲ လမ်းမှား အတွေးမှားတွေ ဝင်ခဲ့မိသေးသည်။

အချိန်မှီသာ နောက်မဆုတ်နိုင်ခဲ့ရင် ရဲသူလို သံတိုင်နောက်က ဘဝကို သူ ရမည်မှာ သေချာသည်။ ရဲသူအတွတ်လဲ သူ စိတ်မကောင်းဖြစ်ရုံမှတပါး အခြားမတတ်နိုင်တော့ ။

'' သူလျှောက်တဲ့လမ်းပဲကွာ...အရမ်းဝမ်းမနည်းပါနဲ့..''

သူ့ပခုံးထက် လက်တဖက် ကျရောက်လာပြီး ပခုံးအား  အသာပုတ်ကာ  ဖိကိုင် အားပေးလာသော ဇာနည်ကြောင့် သူ မျက်ရည်တွေကို အမြန် သုတ်လိုက်သည်။

'' ရဲသူ...ရဲသူ...နောင်ဘဝတွေတိုင်းမှာ မိဘအချစ်ခံရတဲ့ စိတ်ထားလှတဲ့ ကောင်လေး ဖြစ်ပါစေလို့ ငါ ဆုတောင်းပေးပါတယ် ကွာ... ငါ တစ်လ တခါ မင်းကို လာတွေ့မယ်နော် ''

ရဲသူက သူ့စကားတွေ နားမလည်ပင်မဲ့ ခန့်ကို ဂတိပေးနေမိသည်။

မင်းကို ပေးတဲ့ဆုလေး  နောင်ဘဝတွေတိုင်းမှာ ငါလဲ ပြည့်ချင်တယ် ကွာ ။ မွေးလာကထဲက စွန့်ပစ်ခံရတဲ့ ငါတို့ဘဝတွေ၊အဖေအမေရယ်လို့ ခေါ်စရာမရှိ ။

မိဘမျက်နှာလဲ မမြင်ဘူးတဲ့ ဘဝတွေ၊ကျောင်းဆင်းလို့ တခြားကလေးတွေ မိဘတွေ သူတို့ကလေးတွေကို ကျောင်းလာကြိုချိန်မှာ ငါတို့ကတော့ ကြိုမဲ့ မိဘမရှိ ။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now