Part 16.Z

9.4K 296 7
                                    

မင်းမြတ် ဆေးထိုးပေးပြီး ပြန်သွားတော့ ကလေးငယ်ကို ပွေ့ချီကာ ပိုင်ဦးရှိရာ ဆိုဖာဆီ သွားလိုက်သည် ။ ကလေးငယ်ကို ဂရုတစိုက် ဆိုဖာပေါ် ချပေးလိုက်ပြီး တိုင်း ပါ ထိုင်လိုက်သည်။

'' ပိုင်ဦး...ဘာစုံစမ်းလို့ရလဲ...''

'' ဟုတ်ကဲ့ Boss.... ဒီမှာကြည့်ကြည့်ပါ...''

ပိုင်ဦး ဖွင့်ပြလာသော laptop ကို တိုင်း ကြည့်လိုက်သည်။ ပါတီက CCTV မှတ်တမ်း ဖြစ်ပြီး သူ့ထိုင်ရာ နေရာနားကိုသာ ဖြတ်ယူပေးထားသော အပိုင်းတွေကို သေချာကြည့်လိုက်သည်။

ထိုစဉ် သူ့ဆီ ရှန်ပိန်လာချပေးသော စားပွဲထိုး နေရာအရောက် ပိုင်ဦးက ရပ်လိုက်သည်။

'' သူက dinner ပွဲအတွတ် ပြင်ပေးရတဲ့ Blue Sky (Bar &Restaurants) ကပါ...ခဏနေရင် အဲ့ကို
ကျွန်တော် သွားစုံစမ်းမလို့ပါ Boss. .''

ထို့နောက် မှတ်တမ်းကို ဆက်ကြည့်လိုက်တော့ ဦး ရှန်ပိန်သောက်ပြီး မကြာမီ အနီရောင် အကျပ်ဝတ်ထားသော ကောင်မလေးတယောက်က ဦးအနား ကပ်ထိုင်လာပြီး ညုတုတုနဲ့ ပြောနေသည်ကို တွေ့လိုက်ရသည်မို့ Sweety လက်သီးကို တင်းခနဲ ဆုပ်လိုက်မိသည်။

ခဏအကြာ ဦးက ဖုန်းဆက်လိုက်ပြီး မကြာမီ ကိုပိုင်ဦး တွဲခေါ်သွားသည်ကို မြင်လိုက်ရသည်။

'' စက်ရုံ မီးရှို့ခံရတာရော... တရားခံကို သိရပြီလား..ကိုပိုင်ဦး ''

'' ခုမနက်ပဲ Boss ကို အစီရငျခံမလျို့ပါ အစ်ကိုလေး...မီးရှို့တဲ့နေ့က အဲ့လမ်းထဲကို အသားမဲမဲ ဂတုံးတုံးထားတဲ့သူ နှစ်ယောက် ရေသန့်ဘူး တစ်ဘူးစီ ကိုင်ထားပြီး ဝင်လာတာ တွေ့တဲ့သူ ရှိပါတယ် Boss... ''

''တွေ့သူက အဒေါ်ကြီးတယောက်ပါ၊  အဲ့နေ့က သူက ရွာကအမျိုးတွေဆီ အလည်သွားတာမို့ မနေ့က ညနေ ပြန်ရောက်မှ အခြေနေသိရတာပါ...သူအနားက ဖြတ်သွားတော့ သူတို့ဆီက ဓာတ်ဆီနံ့ပါ ရတယ်လို့  ပြောပါတယ်.... ''

'' ဂတုံးနဲ့ အသားမဲမဲ နှစ်ယောက်ဆို...ဦးမျိုးလွင် တပည့် မဲကြီး တို့ ဖြစ်နိုင်တယ် ပိုင်ဦး...''

'' ကျွန်တော်လဲ Boss လို တွေးမိပါတယ်... နောက် စုံစမ်းသိရတာက ဦးမျိုးလွင်နဲ့ ခု တလော ငြိနေတာက အကိုလေးတို့ ကျောင်းက ရဲသူဆိုတဲ့ ကျောင်းသားလေးလို့ သိရပါတယ်.. အသုံးဝင်လောက်မယ်ထင်တာတွေ စုံစမ်းထားတာပါ Boss. ..''

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now