Part 6

34K 2.2K 116
                                    

နောက်တန်း အတွဲခုံအားလုံး ဝယ်ထားတာကြောင့် သုံးခုံမြောက်အတွဲခုံမှာ ဝင်ထိုင်လိုက်သည် ။ Sweetyတို့ ထိုင်ပြီး သိပ်မကြာ ရုပ်ရှင်စပြတော့မှာမို့ နိုင်ငံတော် အလံက်ို မတ်တတ်ထပြီး အလေးပြုလိုက်၏။

ဇာတ်ကားက English သရဲကားမို့ နဲနဲတော့ ကျောချမ်းမိသည်။ သူက ကြည့်လဲကြည့်ချင်တယ် ၊ ကြောက်လဲကြောက်တယ် ဆိုသည့်သူထဲ ပါသည်။ သို့သော် သိပ်တော့ စိတ်ပူစရာ မလို၊ အနားမှာ ချစ်ရသူ ဦး တစ်ယောက်လုံး ရှိသည်မဟုတ်လား...။

တိုင်း မုန့်ထုပ်တွေကို သူ့ဘေးနား ထားလိုက်ပြီး ရုပ်ရှင်ရုံ က ပေးထားသော စောင်ကို အသာဖြန့်လိုက်သည်။

'' ကလေး...စောင်ခြုံထား...အေးတယ် ''

'' ဦးနဲ့အတူတူခြုံမယ်၊ သား တယောက်ထဲဆို မခြုံဘူး...''

ကလေးငယ် စကားကြောင့် တိုင်း  ရင်ထဲ ကြည်နူးပျော်ရွှင်သွားရသည်။ ကလေးငယ် သဘောအတိုင်း စောင်လေးအား သူနဲ့ကလေးငယ် နှစ်ယောက်လုံး မျှခြုံပလိုက်၏။

'' ဦး..Sweety ဘက်ကို တိုးထိုင်လေ... ''

ကလေးရဲ့စကားကြောင့် သူ့ ရင်ထဲ အပျော်တို့က တားမရဆီးမရဖြစ်ကာ ကလေးအနားကို တိုးကပ်ထိုင်လိုက်သည်။ ရုပ်ရှင်စပြလာပြီမို့ မီးတွေမှိတ်ပလိုက်သည်။ တိုင်း တစ်သက်နဲ့တစ်ကိုယ် ရုပ်ရှင်ရုံ ခုမှ ရောက်ဖူးခြင်းဖြစ်သည်။ ကလေးနဲ့ ပထမဆုံး အတူတူ လာရသည်ကြောင့်လဲ  သူအရမ်းပျော်မိ၏။

ပိုင်ဦးကလဲ အားကိုးရတယ်၊သရဲကား လတ်မှတ်ဝယ်ပေးတာကြောင့် ကလေးကြောက်ရင် သူနှစ်သိမ့်ပေးလို့ရသည်တဲ့လေ၊လ ကုန်ရင်တော့ Bonus များများ ပေးမှပါ။

ဇာတ်လမ်းကလဲ စပြနေပြီ၊သူလဲ ဇာတ်လမ်းစဖို့ တွေးလိုက်သည်။ အနားက ဦးကို အကဲခတ်ကြည့်တော့ ဇာတ်ကားကိုသာ ကြည့်နေသည်ကို တွေ့ရသည်မို့ သူ သက်ပြင်းမသိမသာ ချလိုက်မိ၏။

သူမှ မစရင် ဦးစေတိုင်းအောင်က စဖို့ လမ်းမမြင်ပါ ။ Sweety လျှာလေးကို ပါးသောင် တစ်ဖက်ကို ထိုးလိုက်ပြီး ဦးကို ပြောလိုက်သည်။

'' ဦး ...Sweety မုန့်စားချင်လို့...''

'' ဘာစားမလဲ ကလေး...''

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now