Part 19

24.6K 1.6K 82
                                    

ဆေးနံ့ဖျော့ဖျော့ ရပြီးနောက် Sweety နိုးလာခဲ့သည်။ ခေါင်းက ဆစ်ကနဲ ကိုက်လာသည် ကြောင့် လက်နဲ့ အသာဖိကိုင်ရန်လုပ်လိုက်တော့  သူ့လက်တဖက် တင်းတင်း ဆုပ်ကိုင်ခံထားရသည်မို့ သူ အားယူကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။

ထိုအခါ သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်းရင်း ကုတင်ဘေးတွင် အိပ်ပျော်နေသော ဦးကို တွေ့လိုက်ရသည် ။ သူ့လှုပ်ရှားမှုကြောင့် ထင်ပါရဲ့ ၊ဦး နိုးသွားလေသည်။

နိုးလာသော ဦးကို ကြည့်မိတော့ မျက်လုံးတွေ နီရဲနေသည်ကို တွေ့လိုက်ရသည်။

'' ကလေး..နိုးလာပြီလား..သက်သာရဲ့လား..''

'' ဦး ဘယ်လောက်တောင် ငိုထားတာလဲ...သား ဘယ်လောက်ကြာကြာ မေ့သွားတာလဲ ''

Sweety အခန်းပတ်လည်ကို ကြည့်လိုက်မိတော့ ခန်းစီးစ အညိုရောင်တွေက အခန်းပတ်လည် ကာရံထားသည်ကြောင့် ဟန်သာတို့ ဆေးရုံဆိုတာ သူသိလိုက်ရသည်။

နာရီကို လှမ်းကြည့်မိတော့ ညကိုးနာရီစွန်းနေပြီ ဖြစ်သည်။ သူ နေ့ခင်းကထဲကနေ ခုမှ နိုးလာသည်ပေါ့ ။ ဦး ဘယ်လောက်တောင် စိတ်ပူနေလိုက်မလဲ ။

'' သား တောင်းပန်ပါတယ် ဦး ''

'' ဟင့်အင်း...မတောင်းပန်နဲ့ ကလေး၊ အရမ်းမထိခိုက်သွားတာပဲ ဦးက ကျေးဇူး တင်နေပါပြီ ကလေးရယ် ''

ခေါင်းက helmet နဲ့မို့ သုံးချက်လောက်သာ ချုပ်ရပြီး ဒူးတွေနဲ့ တံတောင်ဆစ် လက်ဖဝါးတွေကတော့ အရေပြား အနဲငယ်စုတ် သွားသည်။

ကလေးငယ် မေ့နေချိန် သူ့မှာ ကမ္ဘာပျက်မတတ် ဖြစ်မိသည်မှာ သူသာ အသိဆုံး ။ ဒါကြောင့် ကလေးငယ်ကို တိုက်လိုက်တဲ့ ခွေးကောင် သတိရလာသည်ဟု ပိုင်ဦး သတင်းပို့လာသည်နှင့် လည်ပင်းညှစ်ကာ လက်သီးစာ ကျွေးပလိုက်သည်။

ထိုသူ့အား ခိုင်းသူက ဦးမျိုးလွင် နဲ့ ရဲသူဟု စုံစမ်းလို့ သိရသည်နှင့် သူ တဖြည်းဖြည်း နဲ့ အခွံခွာရန် ကြံစည်ထားသည့် အစီအစဉ်ကို ပယ်ဖျက်ကာ ဦးမျိုးလွင် တရားမဝင် ဘိန်းနဲ့ ဆေးခြောက် ရောင်းဝယ်နေတာကို ရဲကိုသတင်းပေးကာ အချီကြီး ဝယ်သူယောင် ဆောင်ခိုင်းပြီး လက်ပူးလက်ကျပ် ဖမ်းဆေးလိုက်သည်။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now