Part 9.Z

12.8K 336 3
                                    

'' အ.... ကျွတ်..ကျွတ်စ်...''

ထိုးကိုက်နေသည့် ခေါင်းလေးအား လက်နှစ်ဖက်နဲ့ ဖိကိုင်ထားလိုက်ပြီး ရေချိုးခန်းထဲ ယိုင်တိုင်တိုင်ဖြင့် Sweety ဝင်လာခဲ့သည်။

bathtub ထဲက လိမ္မော်ရနံ့ ဆပ်ပြာအမြုပ်လေးတွေကို တကိုယ်လုံး ပွတ်တိုက်ရင်း ရေချိုးလိုက်မှသာ ညက သောက်ထားသည့် အရှိန်ကြောင့် ကိုက်ခဲနေသောခေါင်းက ကြည်လင်သွား၏။

ညက အကြောင်းပြန်တွေးမိတော့ သူ့မှာ ပါးတွေ နားရွက်တွေ
ရဲတတ်သွားရသည်။ သူက အရင် ဇာတ်လမ်းစသူမို့ ဦးကိုလဲ
အပြစ်မဆိုသာ။

သူ့တစ်ကိုယ်လုံး ဦးရဲ့ ကိုက်ရာတွေက ဟိုတစ်ကွက်၊ဒီတစ်ကွက်ဖြင့် ။ သူ့တစ်ကိုယ်လုံးလဲ ကိုင်ရိုက်ခံထားရသလို ဖြစ်နေလေသည်။ညက သူမူးတာလား ကိုမူးတာလားတောင် မခွဲခြားတတ်တော့ပေ ။

ရွဲ့ပြီးရော ဘာလို့ အဆင့်ဆက်မတတ်လိုက်တာလဲလို့ သူ မေးလိုက်တော့ ကလေး အသက်မပြည့်သေးလို့တဲ့...။ ဦးစေတိုင်းအောင် တို့က မထင်ရဘူးနော်၊ ညကမှ သူဟာ ကိုးတောင်ကျားစစ်စစ်ဆိုတာ Sweety သိသွားရတော့သည်။ စားခံရရင် သူ့အဖြစ်က ပိုလို့တောင်ဆိုးလောက်၏။

ရေချိုးပြီးတော့ ဘီရိုပေါ်က ဆေးသေတ္တာလေးကို ယူလိုက်ပြီး
မှန်ရှေ့တွင်ရပ်ကာ ညက အကိုက်ခံလိုက်ရသော နေရာလေးတွေအား ဆေးလိမ်းလိုက်သည်။ နှုတ်ခမ်းလေးကလဲ နဂိုထက်ပိုဖူးနေသည်မို့ အဝတ်ကိုထုပ်ကာ
အာငွေ့ပေးပြီး ကျပ်ပူထိုးလိုက်သည်။

ထို့နောက် တိရှပ်အဖြူလေးနဲ့ plaid pant အညိုရောင်အကွက် ေဘာင်းဘီရှည်လေး ဝတ်ထားသည့်အပေါ်တွင် Hoodie မိုးပြာနုရောင် ခေါင်းစွတ်လေးကို ထပ်ဝတ်လိုက်သည်။ မဟုတ်ရင် အမှတ်တွေကို ဒေါ်လေးမြင်ပြီး မေးတော့မှာ သေချာသည်။

မနေ့က ဦးနဲ့သူ ချစ်သူဖြစ်နေတဲ့အကြောင်း social media မှာ ဟုန်းထနေသည်မို့ ခုနေ့ ကျောင်းသွားရင် ဝိုင်းအမေးခံရမှာ သေချာသည်။ သူလဲ ခေါင်းမူးပြီး မအီမသာ ဖြစ်နေသည်မို့ ခုနေ့အတန်းမတတ်ရန် ဆုံးဖြတ်လိုက်ပီး ဟန်သာ့ဆီ ဖုန်းဆက်လိုက်သည်။ ဖုန်းခေါ်ပြီး ခဏအကြာတွင် ဟန်သာ ဖုန်းကိုင်လာသည်။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now