'' ငါတို့ ခုည အပီအပြင် ကဲကြမယ်ဟေ့ ....ချိုမြိန်သောက ဒကာခံမှာတဲ့...အဝသောင်းကျန်းကြမယ်..
ဘော်ဒါတို့...'''' ဟေး...ဒါမျိုး အကြိုက်ဆုံးပဲကွ...ငါ့ကောင်ကြီး မင်းလူကြီး နဲ့ ထာဝရ လက်တွဲ မြဲပါစေကွာ..ဟေး..ဟေး..''
'' ဟုတ်တယ် သားရီး...Congratulations ပါ ငါ့ကောင်ကြီးရေ...ဟေး..ဟေး..''
ဝိုင်းပြီး ဂုဏ်ပြုနေသော သူငယ်ချင်း များကို Sweety
ခေါင်းညိမ့်ပြပီး VIP အခန်းထဲ ဦးဆောင်ခေါ်သွားလိုက်သည်။ပြိုင်ပွဲ အနိုင်ရတာရော၊ ဦးနဲ့ ချစ်သူဖြစ်နေတာကို သိသွားတာရောနဲ့ ဂုဏ်ပြုပွဲ လုပ်ပေးမလို့ တစ်ဝိုင်းကျွေးပါ ဆိုသောကြောင့် ရောက်လာကြခြင်းဖြစ်သည်။
ယောကျ်ားလေး တွေမို့ အသောက်လေးနဲ့ အစား တွဲရက်ဖြစ်တဲ့ Blue Sky ( Bar &Restaurants) ဆိုင်သို့ ချီတတ်လာခဲ့သည်။
သူရယ်၊ ဟန်သာရယ်၊ဇာနည်နဲ့ ဆိုင်ကယ်ပြိုင်ရင်း ခင်နေသော သူငယ်ချင်း သုံးယောက်ရယ်ဖြစ်သည်။ ဒီဆိုင်လေးက တီးဝိုင်းကလဲ ကောင်း ၊ VIP အခန်းတွေကလဲ
ကျယ်ဝန်းသည်မို့ သူနဲ့ဟန်သာ တစ်ခါတစ်လေ လာထိုင်ဖြစ်သော ဆိုင်လေး ဖြစ်သည်။အရင်အတိတ်က သူဟာ ဦးနဲ့ အပြင်တွေ သိပ်မသွားဖြစ်ပါ ။ ခန့်ကိုတို့နဲ့သိချိန်မှာတော့ ဦးကို ပိုလို့တောင် စိမ်းသက်စွာ ဆက်ဆံခဲ့သည်။
သူ ခုလို ပြန်မွေးဖွားလာခြင်းကို အရမ်းပျော်သည်။ ခုဆို ဦးနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ပြီ ။ ဒီကို လိုက်မလားလို့ ဦးကို ခေါ်တော့ သူရှိရင် ကလေး သူငယ်ချင်း တွေ ရှိန်နေပါအုံးမယ်၊အပြန်မှပဲ သူ လာကြိုမည်ဟု ပြောလာသည်။
သူ VIP အခန်းထဲ ဝင်ခါနီး ဘေးအခန်းထဲ ဝင်ရန် ပြင်နေသော လူသုံးယောက်ကြောင့် ပြုံးလိုက်မိသည် ။ ဒီလူတွေက သူ့လူကြီး လွှတ်ထားတဲ့ ဘော်ဒီဂတ်တွေ မဟုတ်လား။
'' ကဲ...သားရီးတို့ မှာကြ...''
နောက်က ကပ်ပါလာသော ဝိတ်တာလေးက ဘောပင်နဲ့ စာအုပ်လေးကို ထုတ်ပြီး မှတ်ရန်ပြင်သည်။
'' ငါတို့ကို black label တစ်လုံးရယ်...Chivas whiskey တစ်လုံးရယ်..စည် ဘီယာ ၅ခွက်ရယ် ပေး...''
YOU ARE READING
ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed)
RomanceRebirth fic လေးပါ...ယောကျ်ားလေးကိုယ်ဝန်ဆောင်ခြင်း၊အမှောင်လဲ အနည်းငယ် ပါဝင်မှာလို့ ကြိုတင် အသိပေးပါတယ်ရှင့်... Start date- 8.2.2022 End date- 17.3.2022 #photo warning ပေးပါတယ်