Part 15

27.4K 1.6K 41
                                    

တိုင်း မှေးခနဲ အိပ်ပျော်သွားပြီး မကြာမီ သူ့ရင်ဘတ်တစ်လျှောက် ပြေးလွှားနေသည့် လက်ချောင်းလေးတွေကြောင့် ပြန်နိုးလာခဲ့သည်။ သူ့ရင်ခွင်ထဲက ကလေးငယ်လေး အိပ်မပျော်ဘူး ထင်ပ။

'' ကလေး...အိပ်မပျော်လို့လား ...''

'' ဦး...ပါတီမှာ ဘာဖြစ်ခဲ့တာလဲ သားကိုပြောပြ..''

Sweety သိချင်နေသည်ကို ဦးအား ထုတ်မေးလိုက်၏။

တိုင်း ပါတီကို ပိုင်ဦးနဲ့အတူသွားသော်လည်း အလုပ်ကိစ္စတစ်ခု မပြီးပြတ်သေးသော ပိုင်ဦးက ကားပေါ်မှာ အလုပ်လုပ်ရင်း ကျန်နေခဲ့မည်ဟု ခွင့်တောင်းလာသဖြင့် သူ တစ်ယောက်ထဲ ပါတီထဲ ဝင်လာခဲ့သည်။

ခဏနေပြီး ပြန်မယ်တွေးထားပင်မဲ့ ပါတီမှာ သူနဲ့သိတဲ့သူ များတာရော၊သူနဲ့ အလုပ်တွဲလုပ်ချင်သူတွေလဲ ရှိသည်ကြောင့် သူ့တို့လုပ်ငန်းတွေထဲ ရှယ်ယာ ထည့်ဝင်ရန် လာရောက်ပြောဆိုနေကြသည်မို့ သူ ခဏနဲ့ ပြန်လာလို့မရခဲ့။

စားပွဲထိုးတယောက် ချပေးလာသော ရှန်ပိန်ကို သောက်ပြီးချိန်တွင် သူ့ရင်ထဲ ပူလာပြီး သူ့ခန္ဓာကိုယ်တွင်လည်း တစ်ခုခုလိုချင်သလို ဖြစ်လာသည်ကြောင့် မူမမှန်မှုက်ို ရိပ်မိသွားသည်။ထို့ကြောင့်  ပိုင်ဦးကို ဖုန်းဆက်ပြီး သူ့အား လာခေါ်ခိုင်းလိုက်သည်။

ထိုအချိန် ရင်ဟိုက် ကိုယ်ကျပ်အနီကို ဝတ်ထားသော မိန်းကလေး တစ်ယောက် သူ့အနား လာထိုင်ရင်း ညုတုတုနဲ့ အထာလာပေးနေသည်။ သူ့အနားက ထွက်သွားဖို​့ ငေါက်လွှတ်လိုက်ရင်း ပိုင်ဦး ရောက်လာသည်နှင့် ပါတီက အမြန်ပြန်ထွက်လာခဲ့ခြင်းပင်။

သူများ အမြင် သူသောက်တာများသွားလို့ ပိုင်ဦးက ကူတွဲပေးနေသည်ဟု မြင်လောက်သည်။ တိုင်းသာ ပိုင်ဦးကို ခေါ်မလာခဲ့ရင် ထောင်ချောက်ဆင်သူရဲ့ ထောင်ချောက်ထဲ ကျသွားပြီး ကလေး အထင်မှားစရာ အခြေနေတစ်ခု ဖြစ်သွားနိုင်၏။

ဒါကြောင့် သူ့ကို လုပ်ကြံသူကို သူဘယ်တော့မှ အလွတ်မပေးနိုင်၊ဖြစ်နိုင်ရင် ဥပဒေဘောင်အတွင်းမှ မဟုတ်ပဲ သတ်ပစ်လိုက်ချင် သည့် စိတ်တွေက ပိုကြီးစိုးနေ၏။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now