Part 18 (U& Z)

24.9K 1.6K 42
                                    


ဦးမျိုးလွင် စီစဥ်ပေးထားသော တိုက်ခန်းထဲရှိ ဧည့်ခန်းထဲဝယ် ဦးမျိုးလွင် အရက်သောက်ရန်အတွတ် whiskeyကို ဖန်ခွက်ထဲ ရဲသူ ငှဲ့ပေးလိုက်သည်။

ခုနေ့ မဲကြီးတို့ ညီအစ်ကို နှစ်ယောက် မီးရှို့မှုဖြင့် အဖမ်းခံရသည်။ သူ့နာမည် မထွက်စေရန် မဲကြီးတို့ ထောင်ထဲနေစဥ် အသုံးစာရိတ်နဲ့ သူတို့ မိသားစု စားစရိတ်အတွတ်ပါ ပေးပြီး နှုတ်ပိတ်ထားရသည်မို့ ဒီလူကြီး ညစ်ထွေပြီး သောက်နေခြင်း ဖြစ်သည်။

ဒါကြောင့် ရဲသူလဲ အလိုက်အထိုက် နေကာ အရက်ငှဲ့ပေး နေလိုက်သည်။

'' ကိုကြီး အရမ်းစိတ်မညစ်ပါနဲ့...မဲကြီးတို့ ထုတ်ပြောမှာ မဟုတ်ပါဘူး ''

'' အေ့...ကိုကြီး သိပ်မညစ်ပါဘူးကွာ၊ ဟို့ကောင့်ကို ဘာမှထိမိအောင် မလုပ်နိုင်လို့.. ဂေ့...ရင်ခံနေတာ၊သိပ်မကြာမီက သူ ထပ်ထုတ်လိုက်တဲ့ pants တွေကလဲ ရောင်းအားမလောက်ပဲ..အေ့..သူက ပေါ်မလာသင့်တဲ့ အကောင် ''

'' သူ့ကို နိုင်ဖို့ နည်းတစ်ခု baby ရထားတယ် ကိုကြီး ''

'' ဟက်...ပြောပြပါအုံး baby ''

'' လာ...တိုးတိုးလေး ပြောပြမယ် ''

ရဲသူ ဦးမျိုးလွင် ရဲ့ နား အနား ကပ်လိုက်ပြီး တစ်စုံတစ်ခုကို ပြောပြလိုက်သည်။

သူ ပြောပြီးနောက်မှာတော့ မကောင်းဆိုးဝါး ဆန်ဆန် ရယ်သံကြီး ဦးမျိုးလွင်ထံမှ ပေါ်ထွက်လာလေသည်။

'' ဟားး...ဟားး..ဟား...စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲ ဆိုတာ ဒါမျိုး... ဟားး...ဟား...မြန်မြန် အကောင်အထည်ဖော်တော့ baby ''

'' ဟင်းးဟင်းး...စိတ်ချ အကိုကြီး၊ စောင့်ကြည့်နေလိုက်တော့...''

************************

'' ကျစ်...ငါ ပြန်တော့မယ် ပိုင်ဦး...ကျန်တာ မင်းဆက်လုပ်ထားလိုက် ''

'' ဟုတ်ကဲ့... Boss ''

ပိုင်ဦး စကားတောင် ကြားလိုက်ရဲ့လားမသိ။ ရုံးခန်းထဲက အမြန်ထွက်သွားသော Boss ကိုကြည့်ပြီး သက်ပြင်းချမိသည်။

အစ်ကိုလေးနဲ စိတ်ဆိုးနေတာ ဖြစ်ရမည်။ မနက် company ရောက်ကထဲက မျက်နှာက တင်းထနေပြီး စကားလဲ အပိုမပြော ။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now