Extra 2

14.5K 955 31
                                    

  '' သားအဲ  ပါးပါး ကြက်ပေါင်ကြော်ကို သားသားအကြိုက် ဆီချက်နဲ့ နယ်ကျွေးမယ်... ''

'' ပါးပါးက အကောင်းဆုံးပဲ... အာဘွား ပါးပါး ''

ထမင်းစားခန်းထဲတွင် ကိုကိုက သူတို့ စားဖို့ ထမင်း ခူးရင်း ဟန်သာ ချီထားသော သားအဲအဲလေးကို ပြုံးပြပီး စကားပြောနေသည်။ သားကလဲ ပါးပါးအကောင်းဆုံးဆိုပြီး အာဘွားတွေ ပေးနေတော့သည်။

'' ဖေငယ့်ကိုရော အာဘွားပေးဘူးလား သားအဲက...''

'' ဟီးး ပါးပါးပေးပြီးရင် ဖေငယ့်ကို အာဘွားပေးမို့ပါ အဲအဲလေးက...အာဘွားး ''

ဟန်သာ လည်ပင်းကို ဖက်ပြီး သူ့ပါးတဖက်ကို ဖိကပ်ပြီး အာဘွားပေးနေသော သားအဲကြောင့် ဟန်သာတို့ အပျော်တွေဖုံးဖိမရ ဖြစ်သွားသည်။ သူတိူ​့ တူသား သုံးယောက်မှာ ဝမ်ဝမ်းလေးနဲ့ ကဲကဲလေးက ဟန်သာနဲ့ ကိုကို့အား ဦးငယ်နဲ့ ဦးမြတ်ဟု ခေါ်သော်လည်း အဲအဲလေးက ဖေငယ်နဲ့ပါးပါး ဟု ခေါ်လေသည်။ ထိုသို့ခေါ်တာကို စကြားကာစက သူနဲ့ကိုကိုမှာ နားကြားမှားသလား ဟု ထင်မိသည် အထိ။ ခု သူတို့ပုံစံလေးက...ကိုကိုရယ် သူရယ် သားအဲရယ် နဲ့ နွေးထွေး သော မိသားစု လေးလို ဖြစ်နေသည်။ တပတ်တခါ လာအိပ်တတ်သော သားအဲက ကိုကိုနဲ့သူ့ အသဲကျော်လေး ဖြစ်သည်။

'' ကဲ စားကြမယ် ....သားအဲအတွတ် ပါးပါးကြက်သား မွှပြီးပြီ ''

သားအဲလေးကို  ထိုင်ခုံတစ်ခုံပေါ် တင်ပေးလိုက်ပြီး သားသားဘေးတဖက်ဆီတွင် ဟန်သာနဲ့ ကိုကိုတို့ ဝင်ထိုင်လိုက်သည် ။ ဆီချက်နဲ့ဆား နယ်ပေးထားသော ထမင်းနဲ့ မွှပေးထားသော ကြက်သားဖတ်လေးတွေကို စနစ်ကျစွာ စားနေသော သားအဲကို ကြည့်ပြီး ဟန်သာတို့ ပြုံးမိသည်။ ဟန်သာ့အကြိုက် လက်ဖက်သုပ် နဲ့ ကြ က်သားကို မွှပေးထားသော ကိုကိုကြောင့် ဟန်သာစားနေရင်း ကိုကို သူ့ဘက်ကြည့်လာသည်ကို စောင့်ကာ မျက်လုံးတဖက် မှိတ်ပြလိုက်သည်။ အဟက်...ကိုကိုအသေးလေး တို့ကတော့ အိမ်ထောင်သက်တခု ရနေသော်လည်း နားရွက်တွေ နီပြီး ရှက်နေတုန်းပဲ ဖြစ်သည်။

သားအဖသုံးယောက် ထမင်းစားပြီးတော့ ငါးမိနစ်လောက်ထိုင်လိုက်ပြီးနောက် အဆာကြေအောင် အိမ်ထဲတွင်ပဲ လမ်းနဲနဲ လျှောက်လ်ိုက်ပြီး အိပ်ခန်းထဲ ဝင်လာခဲ့သည်။ ဟန်သာ တို့က အပေါ်ထပ်တွင် နေသောကြောင့် သားအဲကို ချီပြီး အပေါ်ထပ်သို​့ ခေါ်လာခဲ့သည်။ အခန်းထဲရောက်တော့ ဟန်သာတို့ ဘီရိုထဲ နေရာတခု ယူထားသော သားအဲရဲ့ အဝတ်တွေထဲကနေ ညဝတ် ကားရုပ်လေးတွေပါသော  အပြာရောင် ဝမ်းဆက်လေးကို ကိုကိုက ထုတ်လာပြီး သားအဲကို အဝတ်လဲပေးလေသည်။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now