Part 26

21.8K 1.2K 100
                                    


  Han Thar hospital ရဲ့ VIP ခွဲခန်းရှေ့ရှိ လူများ အတွေးကိုယ်စီနဲ့ ထိုင်ခုံတွင် ထိုင်နေကြသည်။

တိုင်း ရယ် ၊ ဒေါ်လေးရယ် ၊ ဟန်သာတို့အတွဲရယ် ဖြစ်သည်။ မနေ့က Dr. David နဲ့ ဆွေးနွေးပြီး ခုနေ့ သားအိမ်ထည့်သည့် ကလေးငယ် ခွဲခန်းဝင်နေသည်မှာ တစ်နာရီ နီးပါး ကြာလေပြီ။

ဒေါက်တာက အရမ်းမစိုးရိမ်ဖို့ ပြောထားသော်လည်း တိုင်း ရင်ထဲ စိုးရိမ်မှုတွေက ရှိနေဆဲပင်။ ဘုရားစာ ရွတ်ဆို ပူဇော်ပြီး ကလေးငယ် အန္တာရယ် ကင်းဖို့ ဆုတောင်းနေမိသည်။

တစ်နာရီ ခွဲ သာသာလောက်တွင်တော့ ခွဲခန်းတံခါး ပွင့်လာပြီး Dr. David အရင်ထွက်လာသည်။ ခွဲစိတ်မှု အောင်မြင်ကြောင်းနှင့် မေ့ဆေးအရှိန်ကြောင့် ညနေလောက်တွင် ကလေးငယ်နိုးလာလိမ့်မည်ဟု ပြောလာသည်။

ထို့နောက် ကလေးငယ်ကို VVIP အခန်းထဲ ပြောင်းတော့ တိုင်းတို့ပါ ကလေးငယ်နောက် လိုက်လာခဲ့သည်။

ဟန်သာတို့အတွဲက Sweety နိုးလာရင် အကြောင်းကြာပါအုံး ဟု ပြောပြီး အလုပ်ရှိသည်မယကြောင့် တစ်ခြားဘက် ကူးသွားသည်။

ဒေါ်လေးကိုလဲ ကလေးငယ် နိုးလာရင် သူ ဖုန်းဆက်မည်ဟု ပြောပြီး အိမ်ပြန်ခိုင်းလိုက်သည်။ အသက်အရွယ် ရလာသည်မို့ ဒေါ်လေးပါ နေထိုင်မကောင်း ဖြစ်မှာစိုးသောကြောင့် ဖြစ်သည်။

ဆေးရုံ ဝတ်စုံ ဝတ်ထားသည့် ကလေးငယ်ဟာ ဖူးဖူးစင်စင် မျက်နှာလေးနဲ့ အိပ်ပျော်နေသည် ။ အသက် ဆယ့်ရှစ်နှစ် ကျော်လာသော ကလေးငယ်က သူ့မွေးနေ့ကို  သူ့တို​့ ကလေးလေး ရှိလာမှ  မိသားစုအစုံ ကျင်းပမည်ဟု ပြောလာသည်ကြောင့် ကလေးငယ် baby လေးကို အရမ်းမျှော်လင့်ထားကြောင်း သူသိလိုက်သည်။

baby လေးရအောင် နေ့မနားညမနား ကြိုးစားဖို့ သူတွေးမိတော့ ပြုံးမိပြန်သည် ။

'' ချစ်တယ် ကလေးငယ်...မြန်မြန်နိုးလာတော့...ကလေးလေးရအောင် ဦးတို့ အစွမ်းကုန် ကြိုးစားကြမယ် ''

ကလေးငယ် လက်တဖက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး company မှ အလုပ်တွေကို ပိုင်ဦးနဲ့သာ လွှဲထားလိုက်သည်။လုပ်ငန်းတိုးချဲ့တာနဲ့ သူ့တပည့် ပိုင်ဦးလဲ အသက်နှစ်ဆယ့်သုံးကနေ ဆံပင်ဖြူတော့မယ့်ကိန်း ဆိုက်နေသည်။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now