Part 3 U &Z

38.3K 2.5K 68
                                    


  အနက်ရောင် ပြိုင်ကားလေးဟာ မြို့ပြင်ဘက် လမ်းတွေဆီ တရိပ်ရိပ် ဦးတည်ပြီး မောင်းနှင်းနေသည်။

မြို့ပြင်နား နီးလာလေ လူနေအိမ်တွေ ပိုနည်းပါးလာပြီး လတ်ဆက်သော လေထု ၊ လှပသော ရှူခင်းတွေက အစားထိုးဝင်ရောက်လာသည်။

Sweety ကားမှန်တဝက် ချလိုက်ပြီး သဘာဝ လေညှင်းကို တဝကြီး ရှုပလိုက်သည်။ ပိုနီးကပ်လာသည့်    အရင်ဘဝက တိုက်မိခဲ့သော သစ်ပင်ဆီ အကြည့်ရောက်မိပြီးနောက်  အနားက ကားမောင်းနေသည့် ဦး ဆီ လှည့်ကြည့်မိသည်။

  ဦး နဲ့ ပြန်ဆုံဆည်းစေခဲ့သည့် ကံကြမ္မာနဲ့တင် သူ အရင်ကြုံတွေ့ခဲ့သည့် သေဆုံးခြင်းကို အိမ်မက်ဆိုးတစ်ခု အဖြစ်သာ သူ မှတ်ယူလိုက်တော့မည်။

'' ဘာလို့်လဲ ကလေး...''

'' ဟင့်အင်းး...''

တိုင်း ကားမောင်းနေသော်လည်း မျက်လုံးထောင့်ကနေ ကလေးမျက်နှာလေးကို ခဏခဏ ကြည့်မိသည်။မြတ်နိုးမဝသူလေးမို့ သူ့အကြည့်တွေက ကလေးငယ်ဆီမှာသာ ကပ်ငြိလျက်ရှိ၏။

ကားမှန်ချပြီး ေလညှင်းခံနေတဲ့ ကလေးက တစ်နေရာရောက်တော့ စူးစူးစိုက်စိုက်ကြည့်နေသည်မို့ လိုက်ကြည့်လိုက်တော့  ကုက္ကိုလ်ပင် တစ်ပင်ကို ကြည့်နေသည်အား တွေ့ရသည်။ ထို့နောက်  တိုင်း ဘက်ကို လှည့်ကြည့်လာသည်မို့ ဘာလို့လဲ မေးလိုက်တော့ ဟင့်အင်းဟုသာ ပြန်ဖြေလာသည်။

သို့သော် ကလေးမျက်လုံးလေး အရောင်နဲနဲမှိုင်းသွားသည်ကို သူ တွေ့လိုက်ရသည်မို့ ထိုသစ်ပင်ကို ညနေကြ ခုတ်ခိုင်းလိုက်မည်ဟု တွေးထားလိုက်သည်။ သူ့ ကလေးနဲ့ ပတ်သတ်ရင် အသေးအဖွဲလေးတွေကအစ  စေတိုင်းအောင် တို့က အငြိုငြင်ခံခိုင်းမည့် လူ မျိုး မဟုတ်ပါလေ။

အရှေ့က အဝါရောင် ပန်းခင်းကြီးကို လှမ်းမြင်နေရပြီမို့ Sweety ပြုံးလိုက်မိသည် ။ သူဟာ ယောကျ်ားတစ်ယောက်ဖြစ်သလို၊လူသားတစ်ဦးလဲ ဖြစ်တာကြောင့်  သဘာဝတရား သဘာဝအလှကို ချစ်မြတ်နိုးတတ်သည်။

မကြာမီ ကားလေးက ကားအပ်နှံရာဂိတ်တွင် ထိုးရပ်သွားသည်။ ကားအပ်ပြီးတော့ အဝါရောင်နေကြာရိုင်းတွေ လွတ်လပ်စွာ ပွင့်လန်းနေသော လျှောက်လှမ်းလေးဆီ အတူတူ လျှောက်ခဲ့ကြသည်။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now