Part 20

25.3K 1.7K 35
                                    

  '' မင်း ဆိုင်ကယ်မှောက်တော့  ကလေး ဆိုပြီး မင်းလူကြီး မင်းဆီ အော်ပြေးတာ...''

'' ဟုတ်တယ်. ..ငါ ဦး ကို စိတ်ပူရအောင် လုပ်မိတယ် ''

'' မင်းအပြစ်မဟုတ်ပါဘူးကွာ   ၊ ဟိုမအေးဘေးလေး နောက်က ဝင်ကျုံးလို့ ''

'' အဲ့ကောင်က ရဲသူတို့ ခိုင်းတာလို့ ပြောတယ်၊ ကျစ် !!ရဲသူနဲ့ အဲ့ကောင် အခြေနေ မင်းသိတာ ငါ့ကို အကုန်ပြောပြပေး ''

ဦး meeting ရှိလို့ company သွားချိန် ဟန်သာ သူ့ဆီ လာကြည့်တုန်း ဦးက သူပြန်ရောက်တဲ့အထိ Sweety နား နေပေးရန် မှာသွားသည်။

ဒါကြောင့်  ဦး မရှိတုန်း ဟန်သာ့ကို သူ ရအောင် မေးကြည့်ရမည်။

'' ဦး တိုင်း မရှိတုန်း ငါ ပြောရဲတာ..ရဲသူက မူးယစ်ဆေးသုံးထားတဲ့လက္ခဏာတွေအပြင် ရူးသွားလို့ အရူးထောင် ရောက်နေပြီ ''

'' ဟင်.!!''

'' မူးယစ်ဆေးက သုံးနေတာ လအတော်ကြာပြီလို့ အဖြေထွက်တယ်တဲ့...ဒါကြောင့်ပဲ ဆေးကြောင်ကြောင်သွားတာလား... ဘာကြောင့် ရူးသွားတာလဲဆိုတာတော့ အတိအကျ မကြားရဘူး ''

'' ........''

'' မင်းကို ဆိုင်ကယ်နဲ့ တိုက်တဲ့အကောင်ကို ငါ့ဆေးရုံမှာ ငါ ရော အဖေရော လက်မခံဘူး ၊ တစ်ခြားဆေးရုံမှာ တတ်တာ..သူက မင်းလောက် ဒဏ်ရာ မရတော့ ဆေးရုံဆင်းသွားပြီ..''

''ဒါပင်မဲ့ ငါ တခုခုလုပ်မလို့ စုံစမ်းတော့
မင်းလူကြီးက လုပ်ပြီးပြီ၊အဲ့ကောင် အလုပ်ပြုတ်တဲ့အပြင် Biker ဘဝမှာ နေရာမရှိတော့ဘူး၊ဒုက္ခိတ ဖြစ်သွားဖို့ သေချာတယ်.... ''

'' ငါ ဘာမှ ပြန်လုပ်စရာမလိုတော့ဘူးပေါ့...''

'' ဒါပေါ့..မင်းလူကြီးက လမ်းရှင်းပြီးသား ''

'' ငါလဲ ဆေးရုံတတ်နေရတာ တပတ်ပြည့်နေပြီ.. ဆင်းချင်နေပြီ ''

'' ငါ့ကိုကိုက ဆင်းခိုင်းတယ်နော် မင်းလူကြီးကသာ စိတ်မချလို့ မဆင်းခိုင်းတာ ''

'' ဒါက ငါ့ကို အရမ်းချစ်တာကိုးး ''

'' အေး သိလိုက်စမ်းနဲ့.. .ဘောပဲ ဟေ့ကောင် ''

'' ငါကလဲ လက်ခလည်ပဲ သားရီး..ဟား..ဟားး..ဟားး ''

'' အေး..ခေါင်းချုပ်ပေးတုန်းက ကို့ကိုကို ဆံပင်နဲနဲမရိတ်ခိုင်းပဲ အကွက်လိုက်ကြီး ရိတ်ခိုင်းလိုက်ချင်တယ်.. ဟားး..ဟားး ''

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now