Part 23 U

23.9K 1.6K 60
                                    

အဖြူရောင် ဧည့်ခန်းကျယ်ကြီးထဲဝယ် ဆိုဖာအနက်ပေါ်၌ အသက်ငါးဆယ်အရွယ် လူကြီးတစ်ယောက်နဲ့ ဆယ်ကျော်သက်အရွယ် လူငယ်တ​စ်ယောက် ခပ်ခွာခွာထိုင်နေကြပြီး အတွေးကိုယ်စီနဲ့ တိတ်ဆိတ်နေသည် ။

ထိုသူများမှာ Sweety တို့ private Uni ရဲ့ Founder ဖြစ်ပြီး သူ့အနားက လူငယ်မှာ သူ့တူဝမ်းကွဲ ကောင်းဝေယံ ဖြစ်သည်။

ထိုသူတို့မှာ T&S brand Owner ဦးစေတိုင်းအောင်  က သူ့အား တွေ့ချင်သည်ဟု ပြောလာသဖြင့် စောင့်နေခြင်းသည်။

သူ့တူကိုပါ ခေါ်ထားဖို့ ပြောလာသဖြင့် သူ့စိတ်ထဲ ခံစားမှုတို့ သ်ိပ်မကောင်း ။  40%  ရှယ်ယာပိုင်ဆိုင်သူ ဖြစ်တာကြောင့် ရှယ်ယာတွေ ပြန်ထုတ်သွားလို့ မဖြစ်ပေ။ ဘာပဲဖြစ်ဖြစ် သူဖြစ်စေချင်တဲ့ အတိုင်း လိုက်လျောပေးဖို့ သူ တွေးထားသည်။

ဆယ့်ငါးမိနစ်လောက်အကြာ သက်လတ်ပိုင်းလူငယ်တယောက်က တံခါးဖွင့်ပေးလာပြီး ဦးစေတိုင်းအောင် ဝင်လာသည်။

style pant အနက်ရောင်ကို ရှပ်အဖြူလက်ရှည်နဲ့ တွဲဝတ်ထားပြီး တံတောင်ဆစ် အထိ ခေါက်တင်ထားသည်မှာ ရိုးရှင်းလွန်းသော်လည်း အရှိအဝါ တခု ထုတ်လွှင့်ပေးနေပြီး
နေရောင်အောက်မှာ လက်ခနဲ ဖြစ်သွားသောလေးထောင့်ဆန်ဆန် နာရီက ခန့်ညားမှုကို ထောက်ပံ့ပေးနေသည်။

သူ ဆိုဖာမှ အမြန် ထလိုက်ပြီး တိုင်း နဲ့ အတွင်းရေးမှူး လူငယ်ကို ဖိတ်ခေါ်လိုက်သည်။ သူ့တူကိုပါ မျက်လုံးနဲ အထာပေးလိုက်ပြီး နှုတ်ခွန်းဆက်စေသည်။

'' မောင် စေတိုင်း .. ထိုင်ပါ...ဟိုလူငယ်ရောပဲ ''

တိုင်း ကျောင်းပိတ်ရက် နှစ်ရက်မှာ သူ့ကြောင့် နေမကောင်းဖြစ်သွားတဲ့ ကလေးငယ်နားကပ်နေကာ ဂရုစိုက်ပြုစုနေသည်ကြောင့်  ခု ကျောင်းဖွင့်ရက်တွင် ကလေးငယ်ကို အသိမပေးပဲ ကျောင်းပိုင်ရှင်ဆီ သူ လာတွေ့တာ။

သူ့အပိုင် ကလေးငယ်ကို ရိတိယားတား လာပြောတဲ့အကောင်က ကျောင်းပိုင်ရှင်ရဲ့တူလို့ သိလိုက်ရတာကြောင့် သူ့ပ်ိုင်ဆိုင်ရာကို လွယ်လွယ်ထိပါးလို့မရတဲ့အကြောင်း လာသတိပေးတာ။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now