Part 28

21.8K 1.2K 137
                                    

  ရက်ကို လစား ၊ လကို နှစ်စား ဆိုသည့်စကားအတိုင်းပင်  Sweety ရဲ့ စုဘူး baby လေးတွေ ငါးလသားအရွယ်ပင် ရောက်နေပြီ ဖြစ်သည်။

ကိုယ်ဝန်ဆောင်တုန်းက တခြားသူတွေထက် ပိုဖောင်းနေသည်အား ကလေးထွားသည်ဟုသာ ထင်မိသည်။ တကယ်က ဦးနဲ့ သူ့ဘဝထဲ baby လေး သုံးယောက် အတူတူရောက်လာခဲ့သည်။

ပျော်လဲပျော်သလို လရင့်ပြီး မွေးခါနီးလာလေ လမ်းတောင် တစ်ယောက်ထဲ မလျှောက်နိုင်သည်ကြောင့် ဦးအကူညီဖြင့် သွားလာရသည်။

ညတွေဆိုလဲ တစောင်းအိပ်လိုက် ၊ ခုတင်ခေါင်းရင်းကို ဦးကမှီပြီး သူက ဦးရင်ခွင်ထဲမှာ မှီအိပ်လိုက်နဲ့  ဖြတ်သန်းခဲ့ရသည်။ ဦးရော သူရော ပင်ပန်းခဲ့ကြပင်မဲ့ baby လေးတွေကို ချစ်သည့် စိတ်ဖြင့် နှစ်ယောက်စလုံး ​မငြီးငြူခဲ့ကြ ။

'' ကလေး.... ဝမ်ဝမ်း လေးကို ဦး ချီသိပ်လိုက်မယ်... ကဲကဲလေးကို နို့တိုက်လိုက်အုံး ''

ဦးက အကြီးဆုံး သား ဝမ်ဝမ်းလေးကို သူ့ဆီ ပြောင်းချီလိုက်ပြီး အိပ်နေရာမှ နိုးလာကာစ အငယ်ဆုံးလေး ကဲကဲကို Sweety နို့တိုက်ရ အဆင်ပြေအောင် သူ့ပေါင်ပေါ်
သေချာတင်ပေးလာသည်။

သူ့သားတွေ နို့လိုက်ဟက်ရမှာစိုးလို့ သူ့အသီးလေးကို သူ့သားတွေ ပါးစပ်လေးဆီ တည့်အောင် ထည့်ပေးရသည်မှာလဲ သူတို့ ဖေကြီး ဦးစေတိုင်းအောင် ရဲ့ အလုပ်တစ်ခု ဖြစ်သည်။

သားတွေက နေ့ဘက်ဆို နို့ဘူးစို့ပြီး ညဘက်ဆို Sweety နို့ကို စို့ပြီးမှ အိပ်တက်ကြသည့်အကျင့်လေးတွေ ရှိနေလေသည်။

'' အဲအဲလေးက နို့မဝသေးဘူးတဲ့...ဝမ်ဝမ်းလေးက အငယ်လေးတွေကို အလျော့ပေးလိုက်နော်..ဖေကြီး ချီသိပ်မယ် ''

ဝမ်ဝမ်းလေးကို ဦးက သူ့ရင်ဘတ်မှာကပ်ချီထားလိုက်ပြီး အိပ်ယာပေါ်မှ ဆင်းကာ အခန်းထဲ လမ်းလျှောက်ပြီး သိပ်နေသည်။ Sweety ရဲ့ ပေါင်တဖက်တချက်စီမှာတော့ သားလတ် အဲအဲလေးနဲ့ အငယ်ဆုံး ကဲကဲလေးက နို့စို့နေသည်။

သူ ကုတင်ကို ခေါင်းအုံခုပြီး ကျောမှီထားလို့သာ၊မဟုတ်ရင် ဒီသားသားဝတုတ်လေးတွေကို သူမနိုင်ပါ ။ အကြီးဆုံး သားကြီး နာမည်အရင်းက စေတိုင်းသာ  အိမ်နာမည်က ဝမ်ဝမ်း ၊ သားလတ်လေး နာမည်အရင်းက စေလင်းသာ
အိမ်နာမည်က အဲအဲ ၊ သားငယ်လေး နာမည်က ချိုမြိန်သာ  အိမ်နာမည်က ကဲကဲ ဖြစ်သည်။ ဒီနာမည်တွေက သူတို့ဖေကြီး ပေးထားသော နာမည်တွေ ဖြစ်သည်။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now