Chapter 1

2.2K 116 19
                                    

[Unicode]

          . ᴡᴇ ʙᴏᴛʜ ғᴇʟʟ ɪɴ ʟᴏᴠᴇ ᴡɪᴛʜ .
                       .ʙᴀᴅ ʀᴏᴍᴀɴᴄᴇ.

"လူနာ နံပါတ်  35.  အထဲ ဝင်လို့ရပါပြီရှင်.."

တာဝန်ကျ ဆရာမ ၏ ​အော်​ခေါ်သံ အဆုံးမှာ
လက်ထဲက ကတ်ပြားအား တစ်ချက် စစ်​ဆေးကြည့်မိ​တော့ အလှည့်​ရောက်ဖို့ဟာ
​​​သိပ်မလိုတော့​။

ကိုက်​နေသည့် ​​​ဝေဒနာ သက်သာရန် သက်သာ​စေလို့ငြား နားထင်နားဖက်ကို ခပ်နာနာ ဖိနှိပ်​နေမိ၏။ ​ထွေ​ထွေထူးထူး ဘာပြသနာမှ မဟုတ်ဘဲ.... ညဘက်​တွေ အိပ်​ရေးပျက်ရုံ!

မသက်သာသည့် အဆုံး မျက်လုံး နှစ်ဖက်အား မှိတ်ချကာ ထိုင်​နေသည့် ခုံအား ​နောက်ထိ မှီချလိုက်သည်။ ​ဆေးရုံ ထဲ ဆူညံ့ ​နေသည့် အသံ​တွေအား လျစ်လျှူထားရင်း.....

"မင်း တို့​တွေ ငါ့ကို ​နောက်ထပ် ဒီထပ်​ခေါ်မလာကြနဲ့!"

ကြားလိုက်ရသည့် အာဏာစက်ပြင်းသည့်အသံ​ကြောင့် မျက်ဝန်း နှစ်ဖက်၏ အာရုံ​ကြော ​တွေဟာ အလုပ်​ပေးကာ ပွင့်ဟ ​
နေချင်၏။ သို့​ပေမယ့် အားယူပြီး မျက်ဝန်း နှစ်ဖက် ဖွင့်ရုံတင်ကို ကျွန်မ မှာ အားမရှိ။
ထိုအချိန် နှာ​ခေါင်းဖျား သို့ လာ​ရောက်
ကျီစယ်သည့်  Dark Chocolate လို ​မွေးရနံ့ ဟာ​တော့ ကိုယ့် နှုတ်ခမ်းတို့အား ​ကော့ညွတ်​စေသည်။

"လူနာ နံပါတ်  38 . ဝင်လို့ရပါပြီ.."

အလှည့် ​ရောက်ပြီမို့ မျက်လုံး အစုံအား ဖွင့်ကာ ထရပ်မိသည်။ လက်ထဲ ကိုင်ထားသည့် ​ဘေးလွယ်အိတ် ခပ်ကြီးကြီးအား ပုခုံးထက် ​ပြန်လွယ်ကာ အလိုရှိရာ  အခန်းထဲ ဦးတည်ခဲ့သည်။

"​ဆေးစစ်ချက် လာယူတာပါ"

"အရင်ဆုံး ​ဆေးစစ်ရာဌာန မဟုတ်ဘဲ ဒီထိ လာယူ​စေမိတဲ့ အတွက် ​တောင်းပန်ပါတယ်."

စာရွက်စာတန်း ဖြူဖြူ​တွေအား တစ်ချက် ပြန်စစ်​ဆေးရင်း ​တောင်းပန်စကား ဆိုလာသည့် Doctor က ချစ်စဖွယ် ပါးချိုင့်နှစ်ဖက် ​ပေါ်လာသည်ထိ ပြုံးကာ ​​ပြော၏။

"ရပါတယ် ကိစ္စမရှိပါဘူး"

အကြောင်းရင်းကား ​ မ​​နေ့က ​ဆေးစစ်​ပေးခဲ့သည့်  Doctor  ဟာ  အ​ဖြေလာယူသည့် ဒီ​နေ့မှ အ​ရေးကြီးကိစ္စရှိသည်ဆိုကာ ခွင့်ယူထားပြီး သူငယ်ချင်းဖြစ်သည့် စိတ်​​​ရောဂါ ဌာန၏ အထူးကု ဆီ အ​ဖြေထားခဲ့သည် ဆို​သော​ကြောင့် ဒီ​နေရာထိ လာယူရခြင်း။

ℒℴ𝓋ℯ ℳℯ ℋ𝒶𝓇𝒹ℯ𝓇!  [Completed]Where stories live. Discover now