Chapter 6

872 82 9
                                    

[Unicode]

"​ဒေါက်...​ဒေါက်...ဒယ်​ရေး.."

"​အော အွန်ညီး။ ခဏ​နော် ပြီး​တော့မယ်.."

"မြန်မြန်​လေး ​နောက်ကျ​နေမှာစိုးလို့.."

အခန်းတံခါး ​ခေါက်ကာ ဝင်လာ​သော နာယွန်းအွန်ညီး မှ ဒယ်​ရေး ​မွေ့ယာထက် ဝင်ထိုင်ကာ
သူမ အား ​စောင့်​နေ၏။

"ပထမဆုံးမို့လား မသိဘူး ရင်​တွေခုန်​နေတာ..
အမှား တစ်ခုခု လုပ်မိမှာလဲ ​ကြောက်တယ်.."

"ဘာမှမ​ကြောက်ပါနဲ့ အာလုံး အဆင် ​ပြေသွားလိမ့်မယ် အမလည်းရှိ​တာဘဲ.."

နာယွန်း အွန်ညီး မှ အား​ပေးစကား​ပြောလာ​တော့ နည်းနည်း စိက်သက်သာသွားသလို။
ယူရမယ့် ပစ္စည်း​တွေအား တစ်ချက်ပြန်စစ်ပြီး မှန်​ရှေ့ ရှိ ကိုယ်​လေးအား တစ်ချက် ပြန်ကြည့်ကာ ​ဘေးလွယ်အိတ်​ကောက်လွယ်ပြီး

"အွန်ညီး သွားကြစို့.."

မ​နေ့​ နေ့လယ်က Sukantara Resort ၌
ခွန်အတ် တို့ရဲ့ အဖွဲ့​ရောက်လာပြီး ဂျုံးကုနှင့် ​နေ့လယ်စာစားရင်း အချိန်အ​တော်ကြာ ​ယခု  project  အကြောင်း ဆွေး​နွေးခဲ့တာဖြစ်သည်။

ဒီ​နေ့မနက်က​နေ ​နေ့လယ်အထိ​တော့ ချင်းမိုင်၏  *Central ChiangMai * mall  ၌
ခွန်အတ်ရိုက်ကူး​ရေး ရှိသည်ဆို၍ ထို​နေရာသို့သွားရမည်ဖြစ်သည်။

"လာ ဒယ်​ရေး C.E.O တို့က ဟို​ကောင်​လေး ယွန်ဂျွန် နဲ့ ​စော​စောကမှ ထွက်သွားပြီ။"

"ဟုတ်ကဲ့.."

​နောက်ဆုံး​ပေါ် Mercedes  အနက်​ရောင်​တောက်​တောက်၏ ​အ​နောက်ခန်းထက် ဒယ်​ရေးနှင့်နာယွန်း အွန်ညီး တို့နှစ်​ယောက် ဝင်ထိုင်လိုက်ကြသည်။

"C.E.O စီစဥ်​ပေးခဲ့တာပဲ ဒီကားကလည်း
၁လလုံး အမတို့နှစ်​ယောက် ဒီကားကိုပဲ အသုံးပြုရမယ်ထင်တယ်.."

ဂျုံးကု ​သေချာစီစဥ်​ပေးထားတာဘဲ။ ဒယ်​ရေးတစ်သက် အိပ်မက် ​တောင်မမှတ်နိုင်မယ့်  အဆင့်မြင့်သည့် ယခုလို ကားအ​ကောင်းဆို ၁လ ​လောက်စီးရမည်တဲ့။

ကံ​ကောင်း​နေတဲ့ ဒယ်​ရေး​ပေါ့....။

"ပြီး​တော့  C.E.O  က အရင် အခုလိုproject ​တွေဆို လိုက်လာဖို့​နေ​နေသာသာ project ကို အမြဲ ယွန်ဂျွန် နဲ့ လွဲထား​ပေးတာ..
အခုတစ်​ခေါက်​​တော့ ဘယ်လိုများ ဖြစ်လဲမသိ.."

ℒℴ𝓋ℯ ℳℯ ℋ𝒶𝓇𝒹ℯ𝓇!  [Completed]Waar verhalen tot leven komen. Ontdek het nu