Chapter 7

835 88 12
                                    

[Unicode]

"ချစ်ရတဲ့ darling ဆီ အမ်မလီ ပြန်လာတာ darling "

နားထဲ ဝင်​ရောက်လာတဲ့ ခပ်အီအီ အသံ​ကြောင့် ခုနက စိတ်ကြည်လင်​နေသည့် ဂျုံးကုမှာ စိတ်ရှုပ်သွားရသည်။

"က​လေး...ကိုယ့်​နောက်မှာ ခဏ​နေအုံး.."

ဂျုံးကုမှာ ဒယ်​ရေး လက်ဖဝါးအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလျက် သူ့အ​နောက်မှာ ထားလာသည်။ တံခါးဆီ ဦးတည်​နေသည့် ဒယ်​ရေးမှာ အခုအချိန်မှာ တံခါးဆီ ​နောက်​ကျော​ပေးလျက် အ​​နေထားဖြင့် ​ရောက်ရှိသွား​တော့သည်။

"မင်းနဲ့ ငါနဲ့ ပက်သတ်စရာ ကိစ္စမကျန်​တော့ဘူးထင်တယ်.."

" ရှိ​သေးတယ်..
အမ်မလီ darling ကို ချစ်တယ်​.."

"အဟင်း...အသုံးမဝင်တဲ့ စကား​တွေ ငါ့ကို လာ​ပြော​နေတာပဲ.."

ထို အမ်မလီ ဆိုသည့် အမျိုးသမီးနှင့် ဂျုံးကု တို့ နှစ်​​​ယောက်ကြား ဒယ်​ရေး မှာ ဘာမှနားမလည်စွာ ​ကြောင်အမ်းအမ်း​လေး ဖြစ်​နေလျက်။

"မင်း က ငါ့စိတ်ထဲအ​တွေးထဲ တစ်ခါမှ မရှိခဲ့ဖူးတဲ့ အပိုလူ သာသာပဲ အမ်မလီ.."

တိကျ ပြတ်သားသည့် စကားအဆုံး ဂျုံးကု သူကိုယ်တိုင် တံခါး အား ဆွဲဖွင့်ကာ ထို အခန်း ကျဥ်းကျဥ်းထဲမှ ထွက်လာခဲ့သည်။

ပြဇာတ်ရုံ အတွင်းထဲ လျင်မြန်စွာ ​လျှောက်​နေသည့် ဂျုံးကု ​ခြေလမ်း​တွေ​နောက် ဒယ်​ရေး အ​နောက်မှ​ အလျင်မှီ​အောင်လိုက်​ရသည်။

"မင်းတို့ မြန်မြန်သိမ်းပြီး အလုပ်ဆင်းခဲ့​တော့.. ငါ...ဒယ်​ရေး ကို ​ခေါ်သွားပြီ..."

အတ် ၏ shooting ပြီး၍ ပြန်ဖို့ရာ အထုပ်​တွေ သိမ်း​နေကြ​သော ယွန်ဂျွန်တို့ အုပ်စုအား
ဂျုံးကု လှမ်း​ပြောကာ ဓါတ်​လှေကား ဆီ ဦးတည်ခဲ့​​တော့သည်။

"ဒယ်​ရေး.."

"အာ..ခွန်အတ်.."

ဓါတ်​လှေကားထဲ မဝင်မှီ ဒယ်​ရေး အ​​ရှေ့ ရှိ အတ် မှ ဒယ်​ရေး အားမှတ်မိ​နေ၍ ဒယ်​ရေး ဝမ်းသာမိသည်။

"ပြန်​တော့မလို့လား ဒယ်​ရေးက.."

"ဟုတ်ကဲ့ ခွန်အတ်..ခွန်အတ်​​ရော..​သေချာ အနားယူပါ.."

ℒℴ𝓋ℯ ℳℯ ℋ𝒶𝓇𝒹ℯ𝓇!  [Completed]Where stories live. Discover now