Chapter 16

908 75 6
                                    

[Unicode]


​ရေပန်းမှ အသီးသီးကျဆင်းလာသည့် ​ရေစက်​၊ရေမွားတို့ဟာ သူ့ခန္ဓာက်ိုယ်တစ်​လျောက်အား ပွတ်သပ်ကျီစယ်သည်။
​ရေက ​​အေးမြမြဖြစ်​နေတာမို့ သူ့ခန္ဓာကိုယ်၏ ပင်ပန်းမှု တို့ကို ဖယ်ကျဥ်​ပေး​နေသ​ယောင်။

ရုတ်တရက် သူ့အ​တွေးထဲ ဝင်လာသည့်
ညကရင်ခုန်စရာတို့ဟာ ဒီ​နေရာမှာပဲ ဖြစ်ခဲ့သည်ဆိုတာ သူပြန်​တွေးမိ​တော့ နှုတ်ခမ်းသားတို့ အငြိမ်မ​နေပါပဲ တစ်​ကျော့ပြန် ရင်ခုန်မှု​​တွေနဲ့အတူ သူပြုံး​နေမိပြန်သည်။

​ရေချိုး၊​ခေါင်း​​လျှော်ခြင်းကို အမြန်အပြီးသတ်သည်။ ​ရေချိုးခန်းထဲ၌ ရှိ​နေသည့်
သဘတ်အဖြူအား ​ကောက်ဆွဲယူကာ ​အောက်ပိုင်းကို သာ ဖုံးအုပ် ပတ်လိုက်သည်။

သူ ​ရေချိုးခန်းမှ ထွက်လာသည်အထိ ကုတင်​ပေါ်က သူ့က​လေးငယ်ဟာ အိပ်​မောကျ​နေတုန်းပင်။ ညက ဂျုံးကု အနည်းငယ် ကြမ်းမိခဲ့တာမို့ နူးနူးညံ့ညံ့ထိုက​လေးဟာ ပင်ပန်း​နေမှာပင်။ ဒါ​ကြောင့် သူမနိုး​သေးပဲ မီးဖို​ချောင်ထဲ သို့သာ ဦးတည်လိုက်​တော့သည်။

လူချမ်းသာ​တွေရဲ့ ကွန်ဒိုဆိုသည့်အတိုင်း
အိမ်​တော် တစ်ခုစာ​လောက် ကို ကျယ်ပြန့် ကြီးမားပြီး ​နေရာတိုင်းဟာ တန်ဖိုးကြီး အသုံး​ဆောင်​တွေအပြင် မင်္ဂလာပွဲမတိုင်ခင်က အိမ်အတွက်လိုအပ်သည့် ပစ္စည်းများအလုံးစုံ ဝယ်ကာ ဖြည့်ထားသည်မို့ ဂျုံးကု ယခု မနက်စာ လုပ်မည်ဆို​တော့လည်း အရာအားလုံးဟာ အဆင်သင့်ရှိပြီးသားပင်။

ဂျုံးကု ပထမဆုံး ကြင်စဦး​နေ့ရက်အတွက် သူကိုယ်တိုင် ဒယ်​ရေးအတွက် မနက်စာပြုလုပ်​ပေးမည်။

ဂတ်စ်မီးဖိုကို ဖွင့်ပြီး အရှိန်တင်ကာ ဒယ်အိုးအား မီးဖို​ပေါ်တင်ပြီး ကြက်ဥကို ဆီနည်းနည်းဖြင့်​ကြော်သည်။ ထို့အပြင် ​ရေခဲ​သေတ္တာထဲမှ ​ပေါင်မုန့်ကြမ်းအထုပ်အား ယူကာ ကင်စက်ထဲ ထည့်လိုက်သည်။

ထပ်ပြီး ဂျုံးကု ဒိန်ချဥ်ဘူးအား ​ရေခဲ​သေတ္တာထဲမှ ထုတ်ကာ ပန်းကန်လုံး နှစ်ခုထဲ အသီးသီးထည့်ပြီး အ​ပေါ်မှ စ​တော်ဘယ်ရီတို့ ထည့်ကာ ပြင်ဆင်မှု အဆုံးသတ်လိုက်သည်။

ℒℴ𝓋ℯ ℳℯ ℋ𝒶𝓇𝒹ℯ𝓇!  [Completed]Where stories live. Discover now