[Unicode]
"ငြိမ်ငြိမ်နေကွာ...ကလေး!"
"အမယ်...သူက ပြောရတယ်ရှိသေး
လွတ် ဆိုတာကို .."ဂျုံးကု နှင့် ဒယ်ရေး ကုတင် ပေါ်၌ နှစ်ယောက်သား လှုပ်လှုပ်ရွရွ ဖြင့် စကားပြိုင်လုနေကြရင်း ဒယ်ရေး ခမျာ ဂျုံးကု ၏ ရင်အုပ်ကျယ်ကျယ်ထဲ၌ အတင်း ဆွဲထည့်ထားခံရခြင်းဖြစ်သည်။
"ရှင်! ဖယ်လို့..လွတ်.."
"ကိုယ် အိပ်ချင်ပြီ ကလေးလေးရဲ့...
ဒီတိုင်းလေးပဲ..""ကျွန်မ ညစာ မစားရသေးဘူး.."
ဒယ်ရေး၏ ခပ်တိုးတိုး အသံဟာ အဆုံးသတ်မှ ပိုပြီး တိုးသွားသယောင်။
ထိုအခါမှ တင်းနေအောင် ဆွဲဖက်ထားသော ဒယ်ရေး ခါးမှ ဂျုံးကု ၏ လက်တွေဟာ
ဖြေလျော့ပေးသည်။"ဘာလို့မစားရသေးတာလဲ? နောက်ကျနေပြီကို..အစာအိမ်ထိ ရင် ဘယ်လိုလုပ်မလဲ
ဟမ်?.."ဂျုံးကု ဟာ ဒယ်ရေး ခါးအား မလွတ်စေရသည့်အပြင် လက်တစ်ဖက်မှ ဖုန်းကိုင်ကာ နံပါတ် တစ်ခုခု ရိုက်နေသည့် ပုံစံ။ ထပ်ပြီး ဂျုံးကု ဟာ ဒယ်ရေးကို ဆူဖို့ပင် မမေ့ပါ။
"ခင်များသာ ကျွန်မ ကို စိတ်မပူပဲ ကိုယ့်ကျန်းမာရေး ကိုသာ ဂရုစိုက်.."
"ဟေး..ဟေး...မင်းထက် ကိုယ် အများကြီး အသက်ကြီးတယ်နော်.."
"ဘာဖြစ်လည်း.."
ဒယ်ရေးအား ပြန်ပြောဖို့ ပါးစပ်ပြင်နေသည့် ဂျုံးကု ဟာ တစ်ဖက်က ဖုန်း ဝင်သွားသည်ကြောင့် မပြောပဲ လက်လျော့လိုက်ရသည်။
"ယွန်ဂျွန်...အင်း ဒီကို Ramen အကောင်းဆုံး တစ်ပွဲ လာပို့ပေးအုံး."
"ကျွန်မ Ramen မစားချင်ဘူး ဂျုံးကု.."
ဒယ်ရေး စကားသံ ကြားတော့ ဂျုံးကု က မျက်ခုံးပင့်ကာ ဒယ်ရေး အားကြည့်လာ၏။
"တုံယမ်းထမင်း စားချင်တယ်.."
ဒယ်ရေး ဂျုံးကု မျက်ဝန်းတွေထဲ စိုက်ကြည့်ကာ ပြောတော့ ဂျုံးကု မှာ ဒယ်ရေး ဆီမှ တစ်စက္ကန့်တောင် အကြည့်လွဲမသွားပေ။