[Unicode]"လက်လေး ခဏလောက် ဖယ်ပေးမလား
ကလေး!"ဟင်.. ထပ်ပြီး ဂျွန်ဂျုံးကုဘဲလား?
ခုနက ဆုတောင်းသည့် ခပ်ချောချော ကောင်းလေး လာထိုင်ပါစေ ဆိုသည့် စကားကို ရုတ်သိမ်းသည်။
ဂျွန်ဂျုံးကု နှင့် ခရီးတစ်လျောက်လုံး ကပ်ရပ် ဘယ်လိုမျိုး ထိုင်ရမလဲ??
"ဘာတွေ လျောက်ကြည့်နေတာလဲ ကလေးရဲ့"
နေရ လှဲရဖို့ အရေး တို့အရေး လုပ်ကာ ဟိုကောင်လေး ချွဲယွန်ဂျွန် ကို လိုက်ရှာမိသည်။
ကိုယ်တော်က ကိုယ့် ခုံ နောက်မှာ နားကြပ်တပ်ရင်း မျက်လုံးမှိတ်ကာ ဇိမ်ယူ နေပြီဖြစ်သည်။ကိုယ်လည်း တခြားသူကို ဒုက္ခမပေးချင်တော့တာမို့.."ဘာကြည့်ကြည့်ပေါ့.."
မျက်စောင်းထိုးကာ ကိုယ် ပြန်ပြောတော့ ထိုလူက ခပ်ဖွဖွရယ်ရင်း ကိုယ့်ဘေးက သူ့နေရာဆီ ဝင်ထိုင်သည်။
"ပြီးတော့..."
"ပြီးတော့??"
ကိုယ့်စကားအား သံယောင် လိုက်ပြောကာမျက်ခုံးပင့်၍ ဆက်ပြောဆိုသည့် ပုံစံဖြင့် ပြောလာသည်။
"ကလေး လို့ ဆက်မခေါ်နဲ့.. ကျွန်မ ကလေး မဟုတ်တော့ဘူး လူကြီးဖြစ်နေပြီ"
"ဟုတ်လား? မင်း လူကြီး ဖြစ်မဖြစ်က ကိုယ်မှ သေချာ မသိတာ .."
မျက်လုံး တစ်ဖက်မှိတ်ပြကာ ပြောလာသည့် ထိုလူကြီးဟာ အမြင်ကပ်စရာကောင်းသည်။
ထိုလူ နဲ့ ပြောစရာ စကားလည်း မရှိတာမို့
ကိုယ့် ဘေးလွယ်အိတ်ထဲက နားကြပ်ထုတ်ကာ ဖုန်းမှ သီချင်းရွေးပြီး မှေးနေလိုက်သည်။အင်းVIP Class ဘဲ ... ထိုင်ခုံတွေက အစ အိစက်နုဖက်နေသည်။ မီဒယ်ရေး တို့ ဒီတစ်သက် ဒီလို လေယာဥ် မစီးရတော့ဘူး ထင်နေတာ..အခုတော့ အင်မတန် ကံကောင်းသော လူသားလေး ဖြစ်သွားခဲ့သည်။
မဟုတ်ဘူး... ကံမကောင်းဘူး ဘေးက ဟိုလူကြောင့်။အခုလည်း ဘေးကနေ ဘာတွေ လုပ်နေမှန်းမသိ။ တကယ် ပင် စိတ်ရှုပ်စရာကောင်းသည်။