[Unicode]
"မင်း နဲ့ အဲ့ဒီ စကပ်အနက်က သိပ်လိုက်တယ်.."
ဆယ်စက္ကန့်လောက် အသိစိတ်တွေဟာ ထွေပြားပြီး အာရုံကြောတွေ အလုပ်မလုပ်တော့သလို။
ရှေ့ဆက်ဖို့ လှမ်းနေသည့် ခြေလမ်းတွေကို ခြိမ်းခြောက်လာသူဟာ ကိုယ့် ဆီ တစ်လှမ်းချင်း လှမ်းလာနေသည့် ကိုယ့်ရဲ့အသစ်စက်စက် C.E.O nim!!
ကိုယ့် ခြေဖဝါးအစုံဟာလည်း မဟူရာ တံခါး၌ ချက်ချင်းပင် ပြေးကပ်နေရာ ယူထားလျက်။"အလုပ်ကြိုးစားရမယ်နော် ဒယ်ရေး!
ကိုယ် မျှော်လင့်နေမယ်...."ရင်းနှီးသယောင် ထိုလူ ခေါ်ဆို လိုက်သည့်
ကိုယ့်ရဲ့ နာမ်စား။ ကိုယ် ထပ်ပြီး ကြောင်တောင်တောင်နှင့်ရပ်နေသည်မှာ အသက်ပင်ရှိရဲ့လား မသိတော့...."ကောင်းကောင်းပြန်!"
ထိုလူဟာ သူ့နှုတ်ခမ်း လုံးလုံးကို လက်သည်းခွံလေးတွေ ဝိုင်းစက်ညီညာနေသည့် လက်ချောင်းအချို့နှင့် ထိတွေ့ပြီးနောက်
ထို နှုတ်ခမ်းပေါ် ထိကပ်ထားသည့်
လက်ညိုးနှင့်လက်ခလယ် နှစ်ချောင်းဟာ ကျွန်မ ပါးပြင်ပေါ် အခြေချလို့လာ၏။ဒါဘယ်လို အခြေအနေလဲ!!!ရုတ်တရပ်ဆန်
သည့် အမူအရာအထိအတွေ့ကြောင့် လူဟာ အာခေါင်ခြောက်လာရသည်။
အေးစက်နေသည့် လက်ဖဝါးတွေအား လက်သီးစုပ်ကာ..."ကျွန်...ကျွန်မ ပြန်..ပြန်လိုက်ပါအုံးမယ်.!"
တုန်နေသည့် စကားသံတွေကတော့ အခုန်လွန်နေသည့် နှလုံးသားအား မကာကွယ်နိုင်ခဲ့။
အသိမကပ်တော့သည့် စိတ်အစုံကို ထိုအခန်းထဲ ၌သာ ချန်ထားခဲ့ကာ လူကတော့ ထိုနေရာမှ အမြန်ဆုံးထွက်လာခဲ့သည်။
ဓါတ်လှေကား ထဲရောက်ခါမှ တဒိတ်ဒိတ်ခုန်နေသည့် ရင်ဖက်နေရာလေးအား အသာဖိမိသည်။
"နည်းနည်း...! မဟုတ်ဘူး!! အများကြီးထူးဆန်းတယ်..."
တစ်ယောက်ထဲရှိတဲ့ ဓါတ်လှေကားထဲ ထိုလူ၏ ထူးဆန်းသည့် လုပ်ရပ်အကြောင်းတွေးမိကာ လူက ဘာရယ်မသိ ခေါင်းကိုက်ရပြန်သည်။