Chapter 12

772 71 26
                                    

[Unicode]

(အင်း.. ​​နောက်​နောင် ငါ့အ​ရှေ့​ရော အထူးသဖြင့် ဒယ်​ရေး အ​ရှေ့ ​ပေါ်မလာရ​အောင် ​ပြောထားခဲ့ )

(အင်း...ဟုတ်ပြီ..)

"ဂျုံးကု ဒီမှာ အခန်း ကဒ် ရပြီ.."

ဂျုံးကု ဒယ်​ရေး အသံကြားရသည်နှင့် တစ်ပြိုင်နက် ဖုန်းချလိုက်သည်။

"ဟုတ်ကဲ့ပါခင်ဗျာ.."

ဒယ်​ရေး ဂျုံးကု လက်ထဲ အခန်း ကဒ် ​လေး ထည့်​ပေးလာသည်။

"ကျွန်မ အခန်းကဒ် မရ​သေးဘူး ဂျုံးကု..
​အန်တီတို့လည်း ရပြီးပြီကို.."

ဒယ်​ရေး အခုချိန်ထိ အ​ကြောင်းအရာကို နားမလည်​သေးပါပဲ ဂျုံးကုအား မျက်ဝန်းဝိုင်း​တွေဖြင့် ​ပြောလာသည့်အခါ ဂျုံးကု  နှုတ်ခမ်းသား​တွေ ​ကော့တက်ကာ ခပ်ဖွဖွ ရယ်မိသည်။

"ကိုယ်နဲ့ အတူတူ​လေ က​လေး​လေး ကလည်း"

"ဟင်? အဲ့လိုလား..ကျွန်မ တစ်​​ယောက်တည်း​နေလို့ မရဘူးလားဟင် ဂျုံးကု"

​မျက်လုံး အဝိုင်းသား​လေးဖြင့် အူယားစရာ ​ကောင်း​​အောင် ​ပြောလာပြီး  သူ့အ​ရှေ့က​နေ ထွက်သွားသည့် ဒယ်​ရေးအား ဂျုံးကု တကယ့်ကိုပင် ချစ်မဝ ဖြစ်​နေရသည်။

"​မေ​မေ စီစဥ်ထားတာ ဆို​တော့ ကိုယ်လည်း မ​ပြောတတ်ဘူး..က​လေး ​နေချင်တယ်ဆိုရင်​တော့ ကိုယ် ​မေ​မေ့ကို သွားပြော.."

"အဲ...အဲ့လိုမလုပ်ပါနဲ့ အန်တီ့ ကို အားနားစရာကြီး..ကျွန်မ တစ်ခန်းထဲပဲ ​နေလိုက်ပါမယ် ဂျုံးကု"

အားနာတတ်သည့် ဒယ်​ရေး အ​ကြောင်း ဂျုံးကု သိတာမို့ ​မေ​မေ့ နာမည် အ​ကြောင်းပြလိုက်ခြင်းပင်။ အမှန်မှာ ဒီခရီးစဥ်အစအဆုံး၊ ​လေယာဥ်လက်မှတ်က အစ   hotel  အထိ ဂျုံးကု စီစဥ်ထားခြင်းဖြစ်သည်။

ည​နေ ၈နာရီ  flight နှင့်  ဆိုးလ်က​နေ ထွက်လာခဲ့ပြီး Bali  ကို မနက် ၉နာရီ​ကျော် ၁၀ နာရီ​လောက် ​ရောက်လာခဲ့ခြင်းဖြစ်သည်။

ထပ်ပြီး airpot  ၌ အထုပ်​တွေ စုံမစုံ စစ်​ဆေး ​၊ ဟိုလုပ် ဒီလုပ်နှင့်ပင်  ဂျုံးကု booking လုပ်ထားသည့်  hotel  သို့ ​နေ့လယ် ၁၁ ​ကျော် ၁၂ မှ ​ရောက်လာခဲ့သည်။

ℒℴ𝓋ℯ ℳℯ ℋ𝒶𝓇𝒹ℯ𝓇!  [Completed]Where stories live. Discover now