[Unicode]
"ဒယ်ရေး...ကလေးလေး ထတော့ ၆နာရီ ရှိနေပြီ.."
ဂျုံးကုက မွေ့ယာထက်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ဒယ်ရေး ကိုယ်လေးအား ခပ်ဖွဖွ လေး လှုပ်ကာ နှိုးသည်။
"ကလေးလေး...ထတော့နော်..."
"ကျွန်မ အိပ်ချင်သေးတယ်...."
ဂျုံးကုက ချော့ပြောနေရင်းမှ ဒယ်ရေး အသံ ထွက်လို့လာကာ မျက်လုံးခဏပင် ဖွင့်ပြီး ပြန်မှိတ်ကာ ဇိမ်ယူနေသည်။
"အိပ်လို့မရတော့ဘူး ထနော်...ညနေမှ ပြန်အိပ်တော့....ပွဲ အချိန်မှီအောင် ပြင်ဆင်ရမယ်လေနော်.."
ဂျုံးကု စကားတို့ကို ခပ်တိုးတိုးသာ ပြောရင်း ဒယ်ရေး ဆံနွယ်တို့ကို သူလက်ဖြင့် ပွတ်သတ်ပေးရင်း ချော့မော့ပြောဆိုသည်။
"အင်းအင်း ထပြီ...ဂျုံးကု..."
ထပြီပြောကာ တုတ်တုတ်ပင် မလှုပ်သေးသည့် ဒယ်ရေးဟာ ဂျုံးကုအား အချစ် ပိုစေသည်။
ဂျုံးကု စိတ်မရှည်တော့သည်နှင့် ဒယ်ရေး ကိုယ်လေးကို ပွေ့ချီကာ ရေချိုးခန်းထဲ ခေါ်သွားပေးတော့သည်။အိပ်ချင်မူတူးလေးဖြစ်နေရှာသည့် ဒယ်ရေး အား ဘေစင်ပေါ်တင်ပေးလိုက်ပြီး ဂျုံးကုက ပြင်ဆင်ပြီးသားဖြစ်သည့် သွားတိုက်တံအား ဒယ်ရေးလက်ထဲ ထည့်ပေးလိုက်သည်။
"အိပ်မငိုက်နဲ့တော့နော် ဒယ်ရေး...ရေချိုးခေါင်းလျှော်ပြီး မြန်မြန်လေးထွက်ခဲ့တော့..ချစ်တယ်..."
ဒယ်ရေး၏ ခပ်ဖောင်းဖောင်းပါးပြင်လေးအား ဂျုံးကု တစ်ချက် ဖိနမ်းကာ ရေချိုးခန်းထဲမှ ထွက်လာပြီး မီးဖိုချောင်ဘက်သို့ ဦးတည်လိုက်သည်။
ထို့နောက် သူမနက်စာ လုပ်ဖို့ ပြင်ဆင်သည်။
ဆီနည်းနည်းဖြင့် ပေါင်မုန့်ကြက်ဥကြော် လုပ်ပြီး စတော်ဘယ်ရီသီးတို့အား ရေသေချာဆေးကာ ထမင်းစားပွဲပေါ် အရန်သင့် သင်ထားလိုက်သည်။ ပြီးနောက် ကော်ဖီ ဖျော်ရန်အတွက် ရေနွေးအဆင်သင့်တည်ထားလိုက်တော့သည်။ဂျုံးကုလည်း သူ့ကုမ္မဏီရှိ Barista ဆရာဆီမှ ကော်ဖီဖျော်နည်းသင်ယူထားပြီးပြီဖြစ်၍ ဒယ်ရေး အကြိုက်အရသာကို သူ ကျွမ်းကျင်စွာ ဖျော်တတ်နေပြီဖြစ်သည်။