[Unicode]
မီးရောင်တွေ တလှပ်လှပ်ဖြင့် လူအများ ရှုပ်ရှက်ခက်လှစွာ ရှိနေသော မြေပြင်ထက် သီချင်းသံပေါင်းစုံတို့မှာ ဆူညံလျက်ရှိသည်။
ဂျုံးကု ဖုန်းအဆက်သွယ်ရပြီးကတည်းက Club သို့ တန်းထွက်လာတာမို့ မနက်က အစည်းအဝေး တက်ထားသည့်အတိုင်း အနက်ရောင် suit အပြည့်အစုံနဲ့ ပင်ရှိနေသေးသည်။
ဂျုံးကု လက်က ဖုန်းအား ကိုင်ကာ မျက်ဝန်းအစုံအား
အသေအချာ အလုပ် ပေးပြီး ဒယ်ရေး ပုံရိပ်လေးအား ဂျုံးကု အသည်းအသန်ရှာနေသည်။ဦးခေါင်းအား အရပ်မျက်နှာ အသွင်သွင်သို့ လှည့်ကာ ရှာဖွေခိုက် မျက်ဝန်းထောင့်ကနေ တွေ့လိုက်ရသည့် သူမလေး ပုံရိပ်လေး။
ဂျုံးကု ချက်ချင်းပင် ထိုနေရာသို့ အလျင်အမြန်ပင် ပြေးသွားသည်။
သူ့ကလေးလည်း သူ့အတိုင်းရယ်။ မနက်က ဝတ်ထားသည့် အပြာနုရောင် တီရှပ်လေးနှင့်
အနင်ရောင် ဂျင်းစကပ်အရှည်လေးနှင့်ပင်။ရောက်ခါနီးမှ တွေ့လိုက်ရသည့် ဒယ်ရေး ဘေးက ကောင်လေးတစ်ဦးကြောင့် ဂျုံးကု မျက်ခုံးတန်းတွေ တွန့်ချိုးကာ ဒေါသရိပ်တွေ တရိပ်ရိပ်တက်လာသည်။
"ကလေး!"
"ဟို..ဂျုံးကုရှီးလ် ဖုန်းဆက်လိုက်တာ ကျွန်မပါ ဂျုံးကုရှီးလ် လည်းရောက်လာပြီဆိုတော့
ကျွန်မပြန်တော့မယ်နော်..နှစ်ယောက်သား
အဆင်ပြေပြေညိကြပါနော်.."ဂျီအွန်း သူမပိုက်ဆံအိတ်လေးလွယ်ကာ ပြောသင့်တာ ပြောခဲ့ပြီး Club ထဲမှ အမြန်ထွက်လာခဲ့သည်။
"ဒယ်ရေး ထ! အိမ်ပြန်မယ်.."
"ဘယ်သူလဲ.....ပြန်ဘူး...
ကျွန်မ သောက်အုံးမှာ..က လည်း က အုံးမှာလေ"Bar ကောင်တာပေါ်မှောက်လှက်ရှိနေသော ဒယ်ရေးက ကြည့်ရုံနဲ့တင် ရေချိန်ကိုက်ရုံတင်မဟုတ်ပဲ ကျော်လွန်နေပြီ ဆိုတာ ဂျုံးကု အတပ်သိသည်။
"ပြန်မယ်ထလာ.. ကလေး က လိမ္မာတယ်"
"ဟင့်အင်း...ဖယ်..မထိနဲ့!"