[Unicode]
. ᴡᴇ ʙᴏᴛʜ ғᴇʟʟ ɪɴ ʟᴏᴠᴇ ᴡɪᴛʜ .
.ʙᴀᴅ ʀᴏᴍᴀɴᴄᴇ."လူနာ နံပါတ် 35. အထဲ ဝင်လို့ရပါပြီရှင်.."
တာဝန်ကျ ဆရာမ ၏ အော်ခေါ်သံ အဆုံးမှာ
လက်ထဲက ကတ်ပြားအား တစ်ချက် စစ်ဆေးကြည့်မိတော့ အလှည့်ရောက်ဖို့ဟာ
သိပ်မလိုတော့။ကိုက်နေသည့် ဝေဒနာ သက်သာရန် သက်သာစေလို့ငြား နားထင်နားဖက်ကို ခပ်နာနာ ဖိနှိပ်နေမိ၏။ ထွေထွေထူးထူး ဘာပြသနာမှ မဟုတ်ဘဲ.... ညဘက်တွေ အိပ်ရေးပျက်ရုံ!
မသက်သာသည့် အဆုံး မျက်လုံး နှစ်ဖက်အား မှိတ်ချကာ ထိုင်နေသည့် ခုံအား နောက်ထိ မှီချလိုက်သည်။ ဆေးရုံ ထဲ ဆူညံ့ နေသည့် အသံတွေအား လျစ်လျှူထားရင်း.....
"မင်း တို့တွေ ငါ့ကို နောက်ထပ် ဒီထပ်ခေါ်မလာကြနဲ့!"
ကြားလိုက်ရသည့် အာဏာစက်ပြင်းသည့်အသံကြောင့် မျက်ဝန်း နှစ်ဖက်၏ အာရုံကြော တွေဟာ အလုပ်ပေးကာ ပွင့်ဟ
နေချင်၏။ သို့ပေမယ့် အားယူပြီး မျက်ဝန်း နှစ်ဖက် ဖွင့်ရုံတင်ကို ကျွန်မ မှာ အားမရှိ။
ထိုအချိန် နှာခေါင်းဖျား သို့ လာရောက်
ကျီစယ်သည့် Dark Chocolate လို မွေးရနံ့ ဟာတော့ ကိုယ့် နှုတ်ခမ်းတို့အား ကော့ညွတ်စေသည်။"လူနာ နံပါတ် 38 . ဝင်လို့ရပါပြီ.."
အလှည့် ရောက်ပြီမို့ မျက်လုံး အစုံအား ဖွင့်ကာ ထရပ်မိသည်။ လက်ထဲ ကိုင်ထားသည့် ဘေးလွယ်အိတ် ခပ်ကြီးကြီးအား ပုခုံးထက် ပြန်လွယ်ကာ အလိုရှိရာ အခန်းထဲ ဦးတည်ခဲ့သည်။
"ဆေးစစ်ချက် လာယူတာပါ"
"အရင်ဆုံး ဆေးစစ်ရာဌာန မဟုတ်ဘဲ ဒီထိ လာယူစေမိတဲ့ အတွက် တောင်းပန်ပါတယ်."
စာရွက်စာတန်း ဖြူဖြူတွေအား တစ်ချက် ပြန်စစ်ဆေးရင်း တောင်းပန်စကား ဆိုလာသည့် Doctor က ချစ်စဖွယ် ပါးချိုင့်နှစ်ဖက် ပေါ်လာသည်ထိ ပြုံးကာ ပြော၏။
"ရပါတယ် ကိစ္စမရှိပါဘူး"
အကြောင်းရင်းကား မနေ့က ဆေးစစ်ပေးခဲ့သည့် Doctor ဟာ အဖြေလာယူသည့် ဒီနေ့မှ အရေးကြီးကိစ္စရှိသည်ဆိုကာ ခွင့်ယူထားပြီး သူငယ်ချင်းဖြစ်သည့် စိတ်ရောဂါ ဌာန၏ အထူးကု ဆီ အဖြေထားခဲ့သည် ဆိုသောကြောင့် ဒီနေရာထိ လာယူရခြင်း။