Chapter 11

806 97 20
                                    

[Unicode]

အချိန်ကား ည ၁၂ ထိုးလုနီး​နေပြီ။
​နောက်ဆုံး​​ဖြေရမည့် ဘာသာမို့ ဒယ်​ရေး ​သေ​သေချာချာ ဂရုစိုက်ကာ လေ့လာပြီး မနက်ဖြန် အတွက် အဆင်သင့်ဖြစ်​နေပြီမို့  လက်စသတ်ကာ စာအုပ်​တွေအား အစီအရီပြန်ပိတ်ထားပြီး
မနက်ဖြန် စာ​မေးပွဲ အတွက် လိုအပ်သည်တို့ကို အသင့်ပြင်ထားလိုက်သည်။

ဒယ်​ရေး စာကြည့်စားပွဲက မထ​သေးဘဲ စားပွဲထက်ရှိ ​ကော်ဖီ ခွက်အား လက်လှမ်းကာ
ဆွဲယူမိ​တော့ ​ခွက်ထဲမှ ​ကော်ဖီ ဟာ တစ်ငုံစာမျှသာ ကျန်​တော့သည်။

အ​ကောင်းစား ကွန်ဒို၏ ဇိမ်ကျလှသည့် အခန်းထဲဝယ်   aircon  ကို အမြင့်ဆုံးထားထားသည့် ဒယ်​ရေးအတွက် စာလုပ်သည့်အချိန်ဟာ တကယ့်ကို အိပ်အငိုက်ဆုံးအချိန်ပင်။

ဒါ​ကြောင့် ​ကော်ဖီ ကို အားကိုး လုပ်ကာ
ဒယ်​ရေး စာ​လေ့လာသည့်အချိန်​တွေအား ကုန်ဆုံးခဲ့သည်။

အချိန်လည်း မနည်း​တော့တာမို့ မျက်နှာသစ်​ခြေလက်​ဆေးပြီး အိပ်ရာဝင်ဖို့ ဒယ်​ရေး စာကြည့်စားပွဲမှ ထ လိုက်သည်။

"အဲ...ဟိုလူ​ရော..ဘာအသံမှလည်းမကြားရဘူး    အိပ်များအိပ်သွားပြီလား?"

ဂျုံးကုမှာ ဒီတ​လော အတွင်း ဒယ်​ရေးကို အ​သေချာ ဂရုစိုက်သလို လွတ်လွတ်လပ်လပ်​နေခွင့်​ပေးထားသည်။ စာ​မေးပွဲကာလမို့ အရင်လို သူမ​နောက် တစ်​ကောက်​ကောက်လိုက်​​နေတာမျိုး၊   skinship  ​တွေ မထင်ရင်မထင်သလို
လုပ်တာမျိုး ကို သိပ်မပြုမူ​တော့ပဲ ဒယ်​ရေးအား တစ်​ယောက်ထဲ ​နေခွင့်​ပေးထားသည်။

တစ်​ယောက်ထဲဆို​တော့ ​အေးချမ်းလွတ်လပ်​ပေမယ့် တစ်ခုခု​တော့ လိုအပ်​နေသ​​ယောင်။

"အမယ်...ငါ့မျက်နှာ​လေးက ဘယ်အချိန်ဖြစ်ဖြစ် ကြည့်​ကောင်း​နေတာပဲ.."

​ဘေစင်​ရှေ့ရှိ မှန်သားပြင်၌ ​ပေါ်လာသည့် ဒယ်​ရေး မျက်နှာ​လေးအား ကြည့်ပြီး ကိုယ့်ကိုယ်ကို ချီးမွမ်းခန်းဖွင့်လိုက်​သေးသည်။
အနည်းငယ်ညို​​နေသည့် မျက်ဝန်း​​အောက်ဖက်​တွေကို​​တော့ လျစ်လျှူရှုထားရင်း​ပေါ့။

ℒℴ𝓋ℯ ℳℯ ℋ𝒶𝓇𝒹ℯ𝓇!  [Completed]Where stories live. Discover now