[Unicode]
"ဒယ်ရေးရှီးလ် ကျွန်တော့်ကို ဒီနေရာလေးနဲ့ ရိုက်ပေးပါအုံး.."
"ဟုတ်ကဲ့"
မျက်စိ တစ်ဆုံး ရှိတဲ့ ခရမ်းရောင် verbena ပန်းခင်းဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း Moncham ၏ ပန်းချီကားတစ်ခုလို။
အခုလည်း ထိုပန်းခင်းကြီး နဲ့ ချွဲယွန်ဂျွန် မှာ အမှန်တရ ဟု ဆိုပြီး ဓါတ်ဖမ်းနေသည်မှာ ၁၅ မိနစ်လောက်ရှိတော့မည်။မနက်စောစော ဂျုံးကု ကိုယ့်အား မနက်စာ လာကျွေးအပြီး ကိုယ်တို့အဖွဲ့ ဒီနေ့ တစ်ရက် အလည်အပတ် သွားမည်ဟု ပြောပြီး လိုက်ရန် ခေါ်လာ၏။
ထိုလူနှင့် တစ်နေကုန်အတူမရှိချင်သော်လည်း ဒယ်ရေး ဘဝမှာ မရောက်ဖူးသည့် ဒေသ၌ အမှတ်တရကောင်းများ ရချင်၍ လိုက်လာရန် ဆုံးဖြတ်ခဲ့လိုက်သည်။
"လာလေ ဒယ်ရေး အတူတူရိုက်ရအောင်.."
ပန်းခင်းဘက်ကို ကျောပေးကာ ကင်မရာ ချိန်ရွယ်ထားသော ယွန်ဂျွန်က ကိုယ့်အား ခေါ်လာ၏။
"လာပြီ..လာပြီ.."
ကိုယ်လည်း နှစ်ခါ မငြင်းဘဲ ယွန်ဂျွန် ဘေးနား ပြေးကပ်သွားလိုက်၏။ ယွန်ဂျွန်မှာ ကိုယ်နှင့် သက်တူရွယ်တူ ပွင့်လင်းဖော်ရွေသည့်သူပင်။ဒါကြောင့် ကိုယ်နှင့် ယွန်ဂျွန် မှာ အချိန်ခဏလေးနှင့် ရင်းနှီးလာပြီး ပွင့်ပွင့်လင်းလင်းရှိလှသည်။
ချင်းမိုင်မြို့ထဲကနေ အခု Verbena ပန်းဥယျာဥ် ကြီး တည်ရှိသည့် Moncham တောင်ပေါ်သို့ တစ်နာရီ ကြာ ကားစီးပြီးလာရင်း ကားပေါ်၌ တစ်ယောက်အကြောင်း တစ်ယောက် ဖလှယ်ခဲ့ကြတာပင်ဖြစ်သည်။"ပြုံးထားနော် ဒယ်ရေး.. တစ်..နှစ်..."
"ကိုယ်လည်း ပါမယ်လေ...."
"ဂျုံးကု?" " C.E.O?"
ကိုယ်နှင့် ယွန်ဂျွန် နှစ်ယောက်သား ပုံရိုက်မည်အလုပ် ဘယ်ကနေမှန်းမသိ ကိုယ်တို့နှစ်ယောက် အနောက်ကနေ ဘွားခနဲ ပေါ်လာသည့် ဂျုံးကု။
"ဆက်ရိုက်ကြမယ်လေ ဘာတွေ ကြောင်ကြည့်နေတာကြတာလဲ"
မျက်လုံးအပြူးသားလေးတွေဖြင့် ဂျုံးကုအား နှစ်ယောက်သား ကြောင်ကြည့်နေကြတော့
ဂျုံးကု မျက်ခုံးနှစ်ဖက်မှာ တွန့်ချိုးလျက်။