[Unicode]
" ဂျုံးကု...ဂျုံးကု! တံခါးဖွင့်ပါအုံး.."
အခန်းအပြင်ဘက် တံခါးအား တဒုန်းဒုန်း ထုရိုက်နေရသည်မှာ အချိန် ငါး မိနစ်ကျော်တော့မည်။
အခုထိ တံခါးဖွင့်မလာသေးသည်မို့ အခန်းနံပါတ် များ မှားနေလား ဆိုသည့် စိုးရိမ်စိတ်ဖြင့် ဖုန်းအား ပြန်ဖွင့်ကာ စစ်ကြည့်မိတော့ လည်း မမှား။
တကယ်ပဲ ဒီလူ ဒယ်ရေးကို စိတ်ဆိုးသွားတာပဲ။
"ဂျုံးကုရေ...တံခါးဖွင့်ပေးပါအုံး ကျွန်မတောင်းပန်ပါတယ် တံခါးဖွင့်ပေးပါနော်..."
တဒုန်းဒုန်း ထုနေသည့်အပြင် ဒယ်ရေး စကားပြောသံပါ ကျယ်လာတာမို့ ကွန်ဒို hall တစ်လျောက် သွားနေကြသည့် လူတစ်ချို့က ဒယ်ရေးအား လှည့်ကြည့် လှည့်ကြည့် လုပ်လာ၏။
"ဂျုံးကု..."
"မင်းပြန်တော့ ဒယ်ရေး..."
တံခါးပေါက်ဝ ရှိ speaker မှ ထွက်လာသည့် ပြတ်ပြတ်သားသား အသံကြောင့် ဒယ်ရေး ချက်ချင်းပင် ငိုချင်စိတ် ပေါက်သွားရသည်။
"ကျွန်မ တောင်းပန်ပါတယ် ဂျုံးကု.."
တောင်းပန်စကားဆိုပြီးသည်နှင့် လက်မှ ဝယ်လာသည့် ဟင်းရွက်အထုပ်တွေ ကိုင်ဆွဲကာ
Hotel သို့ ဦးတည်ရတော့သည်။မိုးလည်း ချုပ်နေတာမို့ taxi ငှားလိုက်ပြီး
အနောက်ခန်း၌ တစ်ယောက်တည်း ငူငူငိုင်ငိုင် လိုက်ပါခဲ့သည်။ဘာရယ်ကြောင့်မှန်းမသိ ရင်ထဲ တဆစ်ဆစ်
နဲ့ နေရခက်ကာ taxi ပေါ်ပင် အသံကျယ်ကျယ်နှင့် အော်ငို ပစ်လိုက်ချင်သည်။သို့သော်လည်း မဖြစ်သေးချေ။
အောင်မငိုရသည့်အဆုံး မျက်ရည် စီးကြောင်း တသွင်သွင်ဖြင့်သာ အသံတိတ် ငိုနေမိတော့သည်။နောင်တရ ခဲ့သည်က ဂျုံးကု ကို လိမ်မပြောခဲ့လိုက်ရ မှာဖြစ်သည်။
.
.
.တတီတီ မြည်နေသည့် ဖုန်းကြောင့် ဂျုံးကု ခြေလမ်းတွေ ရေချိုးခန်းမှ အိပ်ခန်းထဲသို့ ဦးတည်လိုက်သည်။