Chapter 13

818 67 29
                                    

[Unicode]

"ညစာ စားကြမယ် ဒယ်​ရေး.."

"ခဏ..ဂျုံးကု..ကျွန်မ အွတ်...!"

​ပြောလက်စ စကားပင် မဆက်နိုင်ပဲ ပျို့တက်လာ၍ ​အိပ်ရာထက် လှဲ​နေရာမှ ရေချိုးခန်းထဲ ​အမြန်ပြေးဝင်သွား​သော ဒယ်​ရေး​ကြောင့် ဂျုံးကု မျက်နှာထက် စိုးရိမ်​စိတ်​တွေ လွမ်းမိုးလာရသည်။

"က​လေး..​နေမ​ကောင်းဘူးလား.."

ညစာ အတွက် စားစရာ​တွေကို  ထမင်းစားပွဲခုံ​ပေါ်တင်ထားခဲ့ကာ ​ရေချိုးခန်း​ပေါက်ဝ၌ မတ်
တပ်ရင်း  ဒယ်​ရေး အား အ​ခြေအ​နေလှမ်း​မေးမိ​တော့ ​ပြန်ဖြေသံ မကြားရ။

"ဒယ်​ရေး..က​လေး..ကိုယ်​ပြော​နေတာကြားလား?"

​​ရေချိုးခန်း တံခါးလက်ကိုင်ကို ကိုင်ကာဆွဲဖွင့်​တော့ မပွင့်လာသည့် တံခါးကြောင့် ဂျုံးကု မျက်ခုံးတန်း​တွေ တွန့်ချိုးရကာ စိတ်အလိုမကျဖြစ်ရသည်။
စိုးရိမ်လွန်​နေသည့် စိတ်အစုံအား ဂျုံးကု သူကိုယ်တိုင် ပြန်ချုပ်ထိန်းကာ ​ရေချိုးခန်းတံခါးအား အဆက်မပြတ်​ခေါက်​နေမိသည်။

"ဒယ်​ရေး...တစ်ခုခု ဖြစ်​နေတာလား?! ကိုယ် စိတ်ပူရ​အောင်မ..."

ချက်ခနဲ ပွင့်လာသည့် တံခါး​ကြောင့် ဂျုံးကု ​ပြောလက်စ စကားတွေရပ်တန့်ကာ သူ့အ​ရှေ့က ဒယ်​ရေးအား စိုးရိမ်လွန် မျက်ဝန်းအစုံဖြင့် စစ်​ဆေး​နေလိုက်သည်။

ဒယ်​ရေးမှာ အားမရှိသလို ဖြူဖျော့​နေပြီး  မျက်နှာ​လေးမှာ နွမ်းလျ​နေသည်။

"ဂျုံးကု.. ကျွန်မ ​နေလို့မ​ကောင်းဘူး.."

"အင်း..ခဏ​လေး ကိုယ် စိတ်ချရတဲ့ ဆရာဝန် ကို အခုဆက်သွယ်လိုက်မယ် က​လေး အိပ်ရာ​ပေါ် လှဲ​နေလိုက်​နော်.."

ဂျုံးကု ဆရာဝန် စုံစမ်းဖို့ အ​ရေးအလျင်လို​နေသည်။ သူ တံခါး​ပေါက်ဝအနားအ​ရောက် မျက်ဝန်း​ထောင့်က မြင်လိုက်ရသည့် ပုံရိပ်ငယ်​လေး လှဲကျသွားမှု​ကြောင့် စိုးရိမ်စိတ်တို့ ​အမြင့်ဆုံးထိ မြင့်တက်ကာ ​ခေါင်းထဲ ဗလာကျင်းသွားရသည်။

"က​လေး...!!!"

.
.
.

"အ​အေးပတ်ပြီး ဖျားတာပါ စိုးရိမ်စရာ​တော့မရှိ​တော့ပါဘူး..ပင်ပန်း​နေတာဖြစ်မယ် အစား​သောက်​တွေကိုလည်း နည်းနည်း​လောက် ဂရုစိုက်ကျွေး​ပေး၊ ​ဆေး​သောက်ရင် အမြန်​ပျောက်မှာပါ စိတ်ပူစရာမလို​တော့ပါဘူး.."

ℒℴ𝓋ℯ ℳℯ ℋ𝒶𝓇𝒹ℯ𝓇!  [Completed]Where stories live. Discover now