[Unicode]
*Ting Tong*
*Ting Tong*
*Ting Tong*"လာပြီဗျို့! ဂျီအွန်းမ ကလည်း ရုံးဖွင့် ရက်ကြီးကို ဘာလာလုပ်ပြန်ပြီလဲ?"
သုံးကြိမ်မြောက်သော Bell သံ အဆုံးမှာ
ဒယ်ရေး ချက်လက်စ မီးဖို ကို အရှိန်အဆုံးထိ လျော့ချကာ ပိတ်ခဲ့လိုက်ပြီး အမြန်ပင် အိမ်ရှေ့ ထွက်ရတော့သည်။"ဂျီအွန်.....ဟင်! C.E.O.??"
ဘာလို့ ဒီလူလဲ...ဘာလာလုပ်ပြန်ပြီလဲ!
အတွေးကသာ ခေါင်းထဲ အစီရီ ဖြစ်နေသည်။
လူကတော့ အရှေ့ က လူဆီမှ အကြည့်မလွဲနိုင်သေး!"ကိုယ်အဲ့လောက်ချောတာလား? အထဲတော့ ဝင်ခွင့်ပေးအုံးနော် .."
ဟုတ်ပါရဲ့! အခန်းပေါက်ဝမှာ ထိုလူ့ကို အကြာကြီး စိုက်ကြည့်နေမိတာ...
"မ..မရဘူး.ဝင်လို့မ..ဂျွန်ဂျုံးကု!!"
စကားပင်မဆုံးသေး ဧည့်ခန်းရှိ ဆိုဖာပေါ်နေရာဝင်ယူနေသူဟာ ဒယ်ရေး စကားအား
အလေးမထား။"ဘယ်လို ခေါ်လိုက်တယ်!"
ဆိုဖာပေါ် ခြေချိတ်ထိုင်နေသည့် ဂျုံးကု ဟာ သူ့အပေါ်ကုတ် ခဲရောင်မှ ကြယ်သီး နှစ်လုံးကို ဖြုတ်ပြီး သက်တောင့်သက်သာ ဖြစ်အောင် ဖန်တီးယူ၏။
ဒါဟာ အရေးမဟုတ်! ပြသနာ က အပေါ်ကုတ် ချွတ်လိုက်၍ ပေါ်လာသော ဂျုံးကု ၏ ရှပ်အင်္ကျီ ခပ်ဖြူဖြူပေါ်ရှိ လွန်ဆွဲရုန်းကန်နေရသည့် ကြယ်သီးအမြောက်အများ!
တင်းကျပ်လွန်းနေသည့် အခြေအနေမှာတောင် ပြုတ်ထွက်မသွားဘဲ ခိုင်ခံနေသည့် ကြယ်သီးတွေဟာ စျေးကြီးလွန်းသည့် Brand တွေများလား?
ဘာရယ်မဟုတ် ဒယ်ရေး မျက်လုံးဟာ ထို မြင်နေရသည့် ရင်တုန်စရာ မြင်ကွင်းမှ အကြည့်မလွဲနိုင်!"ဘယ်လို ခေါ်လိုက်တာလဲလို့ ကလေး!!"
နားထဲ အသံ ဖြတ်သွားမှ ခေါင်းအားခါမိကာ
*မဟုတ်ဘူး ဒီတိုင်း မြင်နေရလို့ ကြည့်မိတာ
ဘာမှ ရင်ခုန်စရာမရှိဘူး!*မြင်နေရသည့် ရင်အုပ်ကျယ်ကျယ် အား
ဒယ်ရေးတို့ ငမ်းချင်တိုင်း ငမ်းပြီး ကိုယ့်ကိုယ်ကို လိမ်ညာနေလိုက်သည်။