[Unicode]
"အဲ့တာ ဘယ်လိုလုပ်မလဲ ဂျွန်ဂျုံးကု...
မင်းကို ဒီလိုလုပ်ရပ်တွေ လုပ်ဖို့ အမေ မွေးထားတာ မဟုတ်ဘူးနော်...""အခု ဘယ်လိုလုပ်မလဲ မိန်းကလေးဘက်ကို ငါဘယ်လို မျက်နှာပြရမလဲ?"
နားထဲ ဆူဆူညံညံ အသံတွေက ဒယ်ရေး အသိတို့အား နှိုးဆော်လာသည်။
ချက်ချင်း မျက်လုံး ဖွင့်တော့ ဦးခေါင်းဆီမှ
ဆစ်ခနဲ ကိုက်သည့် ဒဏ် ခံစားလိုက်ရတာကြောင့်မျက်ဝန်းတွေ ပြန်မှိတ်ကာ အိစက်စက် မွေ့ယာ ပေါ် ပြန် မှိန်းနေမိသည်။Aircon ကလေအေးအေးကလည်း ဒယ်ရေး အကြိုက်။
အိပ်နေသည့် မွေ့ယာကလည်း တော်တော်ကို အိစက်ပြီး သက်တောင့်သက်သာ ရှိလှသည်။အယ်! နေပါအုံး....
ငါ...ညက?အတွေးတွေက ဒယ်ရေး ခေါင်းထဲ စိုးရိမ်ရေမှတ်လို တလိပ်လိပ် တက်လာသည်နှင့်
မျက်ဝန်းတွေ တန်းဖွင့်ချလိုက်သည်။"အမေကလည်း..သား.."
"သမီးလေး နိုးလာပြီ..မင်း ငြိမ်ငြိမ်နေ.."
ဒယ်ရေး မျက်လုံး ဖွင့်ဖွင့်ချင်း သူမအရှေ့ရှိ
ပိန်ပိန်ပါးပါးနှင့် ခေတ်မှီသည့် ပုံစံနှင့် အဒေါ်ကြီး တစ်ယောက်ကို ဂျုံးကု နှင့်အတူ တွေ့လိုက်ရသည်။"ဂျုံး..ကု...."
"သမီးလေး လန့်မသွားနဲ့နော် အိုမားက ဂျုံးကု အမေပါ..."
ခပ်ချောချော အန်တီ က ဒယ်ရေး ထိုင်နေသည့် မွေ့ယာ ထက် ဝင်ထိုင်ကာ လေသံအေးအေးလေးဖြင့်ပြောလာသည်။
"အိုမားက ဒီကို အလည်လာတာ မနေ့ညကပဲ ရောက်တယ် ကိုယ့်သား ကလည်း ဒီမှာရောက်နေတာဆိုတော့ လာတွေ့မယ်ဆိုပြီး လာခဲ့တာ
အခုတော့ သမီးကို အိုမား သား လုပ်ရပ်ကြောင့် မျက်နှာမပြရဲစရာပါပဲ...""ရှင်...သမီးတို့...ဘာ..ဘာမှမဖြစ်..ဘူး..မလား?"
ဒယ်ရေး တုန်တုန်ယင်ယင်နဲ့ ပြောရင်း
ကိုယ့်ကို ကို တစ်ချက်ပြန်ကြည့်မိသည်။ခြုံထားသည့် ဂွမ်းကပ်စောင်ကို တွန်းဖယ်ကာ
ကြည့်တော့ အင်္ကျီက မနေ့ညက ပွဲမှ ဝတ်ထားသည့် dress မဟုတ်နေ။