Chapter 14

813 73 31
                                    

[Unicode]

"အမ​လေး မိန်းမ! အခုမှ ပဲ​တွေ့ရ​တော့တယ်"

"သိတဲ့အတိုင်းပဲ အလုပ်​တွေရှုပ်​နေတာဆို​တော့.."

ဒယ်​ရေး သူငယ်ချင်းဖြစ်သူ ဂျီအွန်းနှင့် မ​တွေ့တာကြာပြီမို့ စား​နေကျအကင်ဆိုင်​​မှာ ​တွေ့​ဆုံရန် ချိန်းထားခြင်း​ကြောင့် ​ဂျီအွန်းနှင့်အတူရှိနေခြင်းဖြစ်သည်။

"ဒါ့ပေမယ် မပူပါနဲ့ ​နောက်ဆို အားတိုင်း​တွေ့ရ​တော့မှာပါ.."

ဒယ်​ရေး ​ပြောစကားကို ဂျီအွန်းက​တော့ မျက်ခုံးပင့်ကာ မယုံဘူး ဆိုသည့် အကြည့်ဖြင့်ကြည့်သည်။

"ဒါနဲ့ နင့်လူကြီးရဲ့  romantic ဖြစ်ချက်က​တော့ ရှယ်​နော်.."

ဂျီအွန်းက သူ့​ရှေ့က သုံးထပ်သား​တွေအား တူနှင့်ညပ်ယူပြီး ပါးစပ်အတွင်းထိုးထည့်ကာ ပလုတ်ပ​လောင်းနှင့် ​ပြောလာသည်။

"ဒါ​တော့ ​ထောက်ခံတယ် ဟဲဟဲ.."

"ဘယ်​တော့​လောက်လဲ လက်ထက်ပွဲက.."

"ဂျုံးကု က ဒီပြန်​ရောက်တာနဲ့ ​တော်​တော်အလုပ်ရှုပ်​နေ​ပေမယ့် ဒီတစ်လအတွင်း လုပ်မယ်လို့​တော့ ​ပြောသံကြားတယ်.."

"​ကောင်းပါတယ်.."

နှစ်​ယောက်လုံး စကား​ပြော​နေကြ​ပေမယ့်
အစားနဲ့တော့မပျက်​စေရပါ။ မီးဖို​ပေါ်တင်ထားတဲ့ အသားတုံး​တွေအား တစ်ခုပြီးတစ်ခုယူရင်း ပါးစပ်ထဲအတင်းထိုးသွင်း​နေကြသည်မှာ နှစ်​ယောက်သား ပြိုင်  စား​နေကြသည်ဟုပင် ထင်မှတ်ရ​လောက်သည်။

"​ယောက္ခမကြီး​တွေ​ရော သ​ဘော​ကောင်းလား?"

"တစ်ခါမှ မခံစားရဖူးတဲ့ မိဘ​မေတ္တာကို အခု ဒယ်​ရေး​လေးက ခံစားရနေပြီ​လေ"

ဒယ်​ရေးက မျက်ခုံးပင့်ကာ ​ပြန်ပြော​တော့
ဂျီအွန်း ဝမ်းသာရပါသည်။ ဒီက​လေးမ ဘယ်​လောက် ချစ်ခြင်း​မေတ္တာ ငတ်မွတ်​နေမှန်း သူအသိဆုံးမို့ သူငယ်ချင်းမ​လေး အခုလို ​ပျော်ရွင်​နေပြီး ဂျုံးကုလို လူမျိုးရထားတာမို့  ပီတိဖြစ်​နေရသည်။

"ဒါနဲ့ သတို့သမီး အရံ ငါလုပ်မှာ​နော်.."

"နင်မလုပ်ပဲ ဘယ်သူလုပ်​ပေးမှာလဲ​ပြော.."

ℒℴ𝓋ℯ ℳℯ ℋ𝒶𝓇𝒹ℯ𝓇!  [Completed]Where stories live. Discover now