Part 1

6.7K 202 4
                                    

ပြီးပြည်စုံတဲ့ချစ်ခြင်းကို ပိုင်ဆိုင်ထားသူတိုင်းလည်း ဘဝဇာတ်ခုံပေါ်က ဇာတ်လိုက်တွေမဖြစ်ခဲ့ကြဘူး။သူမတူအောင်ချစ်ဖူးကြပါလိမ့်မည်။ သူ့ထက် မပိုရင်တောင် သူ့အောက်မလျော့တဲ့ချစ်ခြင်းတွေငါ့မှာရှိပါတယ်လို့ မျက်ရည်စမ်းစမ်းလေးနဲ့ နာနာကျင်ကျင်ပြောခဲ့ဖူးကြလိမ့်မည်။ ပြီးတော့ ကိုယ့်ခံစားချက်ကိုလည်းသိရဲ့ အစားထိုးမရလောက်အောင်ချစ်မိနေကြောင်းလည်းသိရဲ့ သို့ပေမယ့် လစ်လျူရှုကာ တစ်ဖက်သို့လှည့်သွားတတ်သည့် မျက်ဝန်းပိုင်ရှင်များနဲ့လည်း ကြုံဖူးကြပါလိမ့်မည်။ ဒီဇာတ်လမ်းလေးဟာ အချစ်ခံကောင်မလေးတစ်ယောက်ရဲ့ဇာတ်လမ်းလေးမဟုတ်ပါဘူး။ ဘဝမှာတစ်ခါပဲချစ်မိခဲ့တာတောင်
တတိယနေရာရောက်ခဲ့ရတဲ့ အရံလူတစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါပဲ။

မောင့်နာမည်က အိမ့်ဆည်းလည်းမောင်။မောင်ဒီလိုမိတ်ဆက်လိုက်တိုင်း လှလိုက်တဲ့နာမည်လေးဆိုတဲ့မှတ်ချက်ကို ခနခနကြားခဲ့ဖူးပါတယ်။ အဲ့လိုကြားတိုင်း သူတို့ကိုပြုံးပြဖြစ်ခဲ့ပြီး တစ်ဖက်သို့မျက်နှာလှည့်ကာ မျက်ရည်ဝဲခဲ့ရပေါင်းလည်း များခဲ့ပေါ့။ ခုတော့လည်း ကျင့်သားရနေပါပြီဆိုတဲ့စကားလုံးကို ထွေးပိုက်ထားတတ်နေပါပြီ။

နာမည်ကလူကိုခိုက်တတ်တယ်ဆိုတဲ့စကားရှိခဲ့တယ်မလား။ ဥပမာ မောင်ချမ်းသာဆိုတဲ့လူတစ်ယောက်က တစ်နေ့လုပ်မှ တစ်နေ့စားရသည့် ဘဝမျိုးနဲ့နေရသည့် အဖြစ်မျိုး။ မိကံကောင်းဆိုတဲ့အမျိုးသမီးဟာလည်း ထီထိုးတိုင်းလွဲရသည့် အဖြစ်မျိုးပေါ့။ အိမ့်ဆည်းလည်းမောင်ဆိုတဲ့ မောင်ဟာလည်း အိမ်ရဲ့ဆည်းလည်းလေး မဟုတ်ခဲ့ပါ။ ပြိုကျပျက်စီးနေတဲ့ အိမ်ထောင်တစ်ခုရဲ့ သနားစရာသတ္တဝါလေးဟာမောင်ပါပဲ။

"အိမ့်ဆည်းလည်းမောင်...ဟေ့ အိမ့်ဆည်းလည်းမောင် ငါခေါ်နေတာမကြားဘူးလား"

"လာပြီမေမေရယ် လာပြီ"

အသံနဲ့အတူ မီးဖိုချောင်ဖက်က အိုးမည်းပေရေနေတဲ့ ကလေးတစ်ယောက်ထွက်လာသည်။ ကလေး..။ဟုတ်ပါသည် ။ကလေးပါပဲ။အသက် ၁၀နှစ်အရွယ်လေးက ကလေးမဟုတ်တော့ လူကြီးဖြစ်ရမလား။

အရံလူ (on going)Where stories live. Discover now