Part 15

1.4K 140 15
                                    

ဆက်ဆံရေးတစ်ခုမှာ ပြေးသူရယ် လိုက်သူရယ်ဆိုပြီးရှိသတဲ့။ ပြေးတဲ့သူကတော့ ကို့ဘက်ကိုတစ်ချက်မှ လှည့်မကြည့်ဘဲ ထွက်ပြေးနေသလို။ လိုက်တဲ့သူကလည်း မျက်ရည်တွေစီးကျနေရင်တောင် ကိုယ်မြင်ကွင်းကနေပျောက်သွားမှာကြောက်လို့ နာကျင်မှုကိုအံတုပြီးပြေးလိုက်တယ်ဆိုပါတော့။ ပိုချစ်တဲ့သူတွေကတော့ လိုက်သူတွေပဲဖြစ်မှာပါ။ အစကတည်းက ကိုယ့်အတွက်မဟုတ်ခဲ့မှန်းသိရက်နဲ့ ။ လမ်းခွဲတစ်နေရာရောက်ရင် ကိုယ့်ကိုချန်ထားခဲ့မယ်မှန်းသိရက်နဲ့ မောင်ကသာ မျက်လုံးစုံမှိတ်ပြီး အစ်မနောက်ကိုပဲပြေးလိုက်နေခဲ့မိတယ်။တော်လောက်ပြီပေါ့။ နာကျင်ခဲ့ရတာလည်း များခဲ့ပြီ။ ရက်စက်ခံခဲ့ရပေါင်းလည်း များပြီ။ ဒီလောက်ဆိုလုံလောက်ပြီမဟုတ်လား။ အန္ဓာကိုယ်က အားပျော့လာတဲ့အခါ ဆုပ်ကိုင်ထားတဲ့လက်ကိုလွှတ်ချဖို့ဆုံးဖြတ်မိတယ်။မောင်တို့နှစ်ယောက်ကြားက အကွာအဝေးကို မောင်ဘက်ကခြေလှမ်းပေါင်းများစွာလှမ်းပြီး
နီးဖို့ကြိုးစားခဲ့ပြီးပြီလေ။ ကျန်တဲ့လက်တစ်ကမ်းစာကိုတောင် သူမဖက်ကတုံ့ဆိုင်းနေခဲ့တော့ ဒီလောက်ဆိုတော်ပြီလို့ သတ်မှတ်မိတယ်။

ကုန်ခမ်းလုပြီဖြစ်တဲ့မျက်ရည်တွေကိုသုတ်ပြီး မောင့်အတွက်မောင်တွေးပေးသင့်တဲ့အချိန်ရောက်ပြီလေ။ ကိုယ်မရှိလည်းဖြစ်တဲ့အရပ်မှာ
သံမှိုစွဲရိုက်ထားသလို တွယ်ကပ်နေတာကို ရပ်သင့်ပြီမဟုတ်လား။ ဘာပဲပြောပြော မောင်က သူ့အတွက် အရေးမှမပါခဲ့တာ။ အများကြီးပေးဆပ်ခဲ့ပြီးပြီမို့ မောင်သူ့ကိုစိတ်နာဖို့လုံလောက်ပြီလေ။
စိတ်နာသင့်ပါပြီ။ အရမ်းချစ်ပေမယ့် လက်လွတ်ပေးလိုက်တော့မယ်။ ဒါဟာ မောင်သူ့ကိုမုန်းသွားခြင်းမျိုးမဟုတ်။ မောင်သူ့ကိုစိတ်နာသွားခဲ့လို့ပါ။ ပြီးတော့ မောင့်ဘက်ကိုတစ်စက်လေးတောင်
လှည့်မကြည့်ခဲ့တဲ့ ကံတရားကြီးကိုသာ မုန်းတီးမိခြင်းပါပဲ။ ဆုတောင်းပြည့်ဘုရားတွေကိုလည်း
နောက်ထပ်တောင်းဆုခြွေချင်စိတ်မရှိတော့အောင်ထိ ရင်နာရပါတယ်။ ခြောက်ကပ်နေတဲ့နှလုံးသားနဲ့ရင်းပြီး တိုင်တည်လိုက်တယ်။ မောင့်ကိုမောင် သူ့အတွက်ဆိုပြီးပိတ်လှောင်ထားတဲ့ လှောင်အိမ်ထဲကနေ ပျံသန်းခွင့်ပြုလိုက်တယ်။

အရံလူ (on going)Where stories live. Discover now