Part 12

1.1K 112 0
                                    

မနက်စောစော ငှက်ကလေးတွေတောင် အိပ်ရာကမထသေး။ မောင်အစောကြီးထပြီး မျက်နှာသစ်ရေချိုးရသည်။ အစ်မကတော့ အိပ်ယာပေါ်တွင်အိပ်နေတုန်း။ အစ်မအတွက် မနက်စာလုပ်ထားပေးခဲ့လိုက်သည်။ အစ်မအတွက်မနက်စာလုပ်ပေးရင်း ငယ်ငယ်က ကျောင်းသွားခါနီးအမေ့အတွက် ထမင်းလုပ်ပေးခဲ့တာကိုပြန်သတိရမိတော့ မောင်ပြုံးမိသည်။အခုတော့ အမေ့အစားအစ်မကိုဂရုစိုက်ခွင့်ရသည်ကိုပင် မောင်ဂုဏ်ယူမိသည်။အလုပ်လုပ်ပြီးရင် သင်တန်းတက်ရအုံးမှာမို့ မြန်မာဝတ်စုံလေးတစ်စုံကိုသာဝတ်လာခဲ့လိုက်သည်။ အနည်းငယ်ရှည်နေပြီဖြစ်တဲ့ ဆံနွယ်တို့ကို အစ်မပေးထားတဲ့ခေါင်းစည်းကွင်းလေးနဲ့သေချာစည်းနှောင်လိုက်သည်။ မောင့်ဆံပင်တို့ကိုချည်နှောင်ဖို့ပေးလိုက်တဲ့လက်ဆောင်လေးတစ်ခုက မောင့်တစ်ဘဝလုံးကိုချည်နှောင်ထားတဲ့သံယောဇဥ်ကြိုးလေးပါလားဟုလည်း တွေးမိပြန်သည်။ အိပ်မောကျနေသည့် အစ်မနားသို့ကပ်ပြီး မောင်အလုပ်သွားတော့မယ်နော်ဟု တိုးတိုးလေးပြောခဲ့လိုက်သည်။
ဖြူဖွေးပြီးမို့မောက်နေတဲ့ပါးရဲရဲလေးကိုတွေ့လိုက်တော့ နှလုံးခုန်သံတို့က ကျယ်လောင်လို့လာပြန်သည်။ အစ်မက တကယ့် 'sleeping beauty'လေးပါပဲ။ အိပ်နေရင်းတောင် မောင့်ရင်တစ်ခုလုံးကိုကြွေကျစေသည်မဟုတ်လား။

ဟိုတစ်နေ့က ပန်းဆိုင်လေးကိုရောက်တော့
အစ်ကိုချမ်းမြေ့ဦးက ရောက်နှင့်နေပြီ။ မောင့်စိတ်ထဲသူ့ကို တကယ်ပဲ အထင်ကြီးမိသွားသည်။ယောကျာ်းလေးဖြစ်ပြီး တော်တော်ဇွဲကောင်းပါလားဆိုပြီးတော့။

"ရောက်လာပြီလား ညီမ"

"ဟုတ်ကဲ့
အစ်ကိုလည်း အစောကြီးပဲနော်"

"အင်းပေါ့ကွာ
ညီမက မနက်ပိုင်းအလုပ်လုပ်မယ်ဆိုတော့
စောလာမယ်ထင်လို့ပေါ့
အစ်ကိုမလာရင်
ညီမက ဆိုင်အပြင်မှာထိုင်နေရမှာပေါ့
ဟုတ်တယ်မလား"

"ဟီး...ဟုတ်သားပဲနော်
မောင် မေ့သွားလို့"

အစ်ကိုချမ်းမြေ့ဦးပြောတာလည်းဟုတ်နေသည်။သူသာအစောကြီးမရောက်ရင် အလုပ်ကိုပထမဆုံးလာတာဖြစ်တဲ့မောင်ကတော့ ဆိုင်အပြင်မှာသာထိုင်နေရလိမ့်မည်။ မောင့်အပေါ်အခုလို တွေးပေးတတ်တော့ သူ့ကိုတကယ် ကျေးဇူးတင်မိသည်။

အရံလူ (on going)Where stories live. Discover now