Part 14

1.2K 118 2
                                    

ဒီနေ့ကျောင်းပိတ်ရက်မို့ မောင်နဲ့လဲ့တို့နှစ်ယောက်
အိမ်မှာနေရင်းစာကျက်ဖို့ဆုံးဖြတ်ထားကြသည်။
စာမေးပွဲကြီးကလည်း နီးလာပြီမို့ အပြင်မထွက်ဖြစ်ကြပေ။ ဧည့်ခန်းတွင်ထိုင်ပြီး နှစ်ယောက်သားစာလုပ်နေကြသည်။

"အိမ့်....ဒီဟာကို
ငါနားလည်ဘူးဟာ
ရှင်းပြအုံး ငါ့ကို"

"နင်ကလည်း
ဆရာစာရှင်းပြနေရင်
ဘာတွေတွေးနေတာလဲ
ဒီလောက်လွယ်လွယ်လေးကို
ခက်နေရသလား"

"ဟီး...အိမ့်ကလည်း
ဆရာဒီစာပုဒ်ကိုရှင်းပြနေတုန်းက
ငါလေ...ငါတို့အခန်းထဲက
အတန်းခေါင်းဆောင်ကြီးကို
ငေးနေမိတာဟာ
အဲ့ဒါကြောင့်ပါ...
ရှင်းပြအုံးငါ့ကို...နော်
သူငယ်ချင်းလေး"

"စာမေးပွဲနီးမှပဲ
ဖင်ပူတော့တယ် နော်
နင်က ပေးငါရှင်းပြမယ်"

လဲ့လာမေးသော စာပိုဒ်ကိုမောင်ရှင်းပြနေတုန်း
လဲ့ရဲ့ဖုန်းက noti alarmမြည်လာသည်။

"တိန်..."

"လဲ့မ...စာလုပ်နေတာတောင်
လိုင်းဖွင့်ထားတာလား"

"ဒီနေ့အရေးကြီးကိစ္စရှိလို့ဟ
ခနနော် ငါကြည့်လိုက်မယ်"

ဖုန်းကိုကောက်ကိုင်ပြီး လဲ့မှာ ကြည့်နေတော့သည်။ ထို့နောက် မောင့်ကိုလာပြပြီးပြောလာသည်။

"အိမ့်...အိမ့်...ဒီမှာကြည့်
လင်းရောင်က
အစ်မပန်းချီဖြည့်ထားတဲ့ဖောင်ကို
လက်ခံပေးလိုက်ပြီ
ငါတို့လုပ်နိုင်ခဲ့ပြီ
သိလား"

"တကယ်လား...
လင်းရောင်တို့လည်း
စာမလုပ်ဘဲ
လိုင်းပေါ်ရောက်နေတာနေမယ်"

"အင်း...
ဟုတ်လောက်တယ်"

မောင်နဲ့လဲ့စကားပြောနေတုန်းမှာပဲ အစ်မ အခန်းထဲမှထွက်လာသည်။အစ်မလည်း ပိတ်ရက်မို့ အိမ်တွင်းပုန်းလုပ်နေခြင်းဖြစ်သည်။

"စာလုပ်နေကြတာလား"

"ဟုတ်...အစ်မပန်းချီ..
သတင်းကောင်းပဲ သိလား
ဟိုတစ်နေ့က
ဖောင်ဖြည့်ထားတာလေ
သူတို့က လက်ခံလိုက်ပြီ
ဒီမှာကြည့်"

လဲ့က အစ်မဆီကိုပြေးသွားရင်း ဖုန်းထဲမှ ဖောင်လက်ခံကြောင်း ပို့ထားတဲ့ စာကိုပြလိုက်သည်။မောင်ကတော့ ထိုင်ပြီး အစ်မကိုငေးကြည့်နေမိသည်။

အရံလူ (on going)Hikayelerin yaşadığı yer. Şimdi keşfedin