Part 11

1.1K 113 4
                                    

လွန်ခဲ့တဲ့တစ်ရက်က မောင်နဲ့ လဲ့တို့နှစ်ယောက်
အစ်မနဲ့သွားတွေ့ဖြစ်ခဲ့သည်။ တမင်သက်သက်
သူ့အခက်အခဲအကြောင်းပြောခဲ့သလိုမဟုတ်ဘဲ
ဒီအတိုင်း စကားလမ်းကြောင်းကြုံလို့ အစ်မ ဘယ်မှာနေလဲ အဆင်ပြေလားမေးကြည့်ဖြစ်ခဲ့ကြသည်။ အစ်မက သူ့တိုက်ခန်းကနေ ရွှေ့ပေးရတော့မယ်ဆိုတာ ပြောပြလာတော့ လဲ့က သူ့အိမ်မှာ လာနေလို့ရကြောင်း ပြောသည်။ ပထမတော့
အစ်မကငြင်းပါသည်။ လဲ့အပြောကောင်းလို့လားမသိ နောက်ဆုံးတော့ မောင်တို့နဲ့အတူလာနေဖို့ သဘောတူခဲ့သည်။

ဒီနေ့ မေလွန်းပန်းချီ လာမည်ဆိုသောကြောင့်
အိမ့်ဆည်းလည်းမောင်တို့နှစ်ယောက် ကျောင်းမသွားဖြစ်တော့ဘဲ အိမ်တွင် စောင့်နေကြသည်။
နာရီကိုပဲ မကြာခနလှမ်းကြည့်နေသော အိမ့်ဆည်းလည်း မောင် တစ်ယောက်ကို လဲ့လဲ့နိုင်
မျက်စိနောက်လာတော့သည်။

"ဟဲ့ အိမ့်.. ဘယ်လိုဖြစ်နေတာလဲ
အေဆေးထိုင်နေပါလား
မျက်စိနောက်လာပြီ တကယ်"

"ဟာ..လဲ့ကလည်း
မျက်စိမနောက်ပါနဲ့
ငါစိတ်လှုပ်ရှားနေလို့ပါ
အစ်မက ခုထိ မလာသေးဘူးလား
ကြာလိုက်တာဟာ"

"လာမှာပေါ့...
ဘယ်လိုဖြစ်နေတာလဲ"

"လဲ့.."

"ဘာလဲ..."

"အစ်မလာရင်
ငါထိုင်နေရမလား
ထနေရမလားဟင်"

"ထိုင်လည်း ထိုင်မနေနဲ့
ထလည်းထမနေနဲ့
ထိုင်တာနဲ့ထတာနဲ့ကြားမှာနေဟာ"

လဲ့လဲ့နိုင် အမြင်ကတ်ကတ်နဲ့ပြောပစ်လိုက်သည်။ တကယ်ပဲ အဖြစ်ကိုသည်းနေသည်။

"အာ...အကောင်းမေးတာကိုဟာ"

"အိမ့်ဆည်းလည်းမောင်
သိပ်ပြီးလည်း အဖြစ်သည်းမနေနဲ့
ဟိုကဖြင့် သူ့ကို
အရေးလုပ်တာတောင်
မဟုတ်ဘူး"

လဲ့လဲ့နိုင် ဒီလိုပြောလိုက်တော့လည်း အိမ့်ဆည်းလည်းမောင် မှာငြိမ်သွားရှာသည်။ တကယ်တမ်းကျတော့လည်း လဲ့လဲ့နိုင်ပြောတာ
မှားသည်မဟုတ်။ မေလွန်းပန်းချီဆိုသော မိန်းကလေးက အိမ့်ဆည်းလည်းမောင်ကို
သိပ်ပြီး အရေးတယူလုပ်လှတယ်လို့မှ မရှိခဲ့။ သာမန်ဆက်ဆံရေးပါပဲ။ အိမ့်ဆည်းလည်းမောင်ဘက်ကသာ အမြဲတမ်း အကဲပိုနေမိခဲ့တာမလား။

အရံလူ (on going)Where stories live. Discover now