Part 6

1.2K 114 2
                                    

"အစ်မ"

"မောင်...တကယ်ပဲမောင်ပေါ့လေ
ကျောပေးထားတာဆိုတော့ ရုတ်တရက်
မမှတ်မိလိုက်ဘူးကွယ်"

"တကယ်ပဲ အစ်မလားဟင်"

"ဟုတ်ပါတယ်ကွယ်
အစ်မပါ မေလွန်းပန်းချီပါကွယ်"

သိပ်မဝေးသည့်အကွာအဝေးအောက်က သူမကိုတွေ့နေရသည့် အခိုက်အတန့်ဟာ အိပ်မက်များလား။ကိုယ့်ကိုကိုယ်ပင် မောင်မယုံချင်တော့။ တကယ်ပဲ...သူမလား....။ မောင် ငေးနေတုန်း
သူမက မောင့်ဆီကိုလာပြီး ဖက်လိုက်သည်။

"ဝမ်းသာလိုက်တာ မောင်ရယ်
အစ်မဝမ်းသာလိုက်တာ
မောင့်ကိုနောက်တစ်ကြိမ်ပြန်တွေ့ချင်နေခဲ့တာ"

"မောင်ရော...တွေ့ချင်နေခဲ့တာ
အရမ်းသတိရနေခဲ့တာ
နေ့တိုင်းစောင့်နေခဲ့တာ သိရဲ့လား"

"တောင်းပန်ပါတယ်ကွယ်
အစ်မတောင်းပန်ပါတယ်
နှုတ်မဆက်ပဲထွက်လာခဲ့မိလို့"

ရှုပ်ထွေးနေသော လူများကိုတောင် မောင်တို့ ခနမေ့ထားကြသည်။ အခြေအနေကို ဘာမှနားမလည်သော လဲ့တို့မှာ ငေး၍သာကြည့်နေကြတော့သည်။မောင် မျက်ရည်စများကိုသုတ်လိုက်သည်။

"ပန်းချီ လူတွေတအားရှုပ်နေတယ်
ပြန်ကြရအောင် "

အစ်မနောက်မှကပ်ပါလာသော ကောင်လေးတစ်ယောက်မှာ အစ်မအားလာခေါ်နေတော့သည်။
မောင်ကတော့ အစ်မကိုနှုတ်မဆက်ချင်သေး။
မောင် အရမ်းလွမ်းနေခဲ့တာလေ။ စကားတွေအများကြီးပြောချင်နေသေးသည်။ ဒါပေမယ့်
အစ်မကတော့ မောင့်ကိုအားနာသည့် အကြည့်နဲ့ကြည့်လာသည်။ သူမ ပြန်တော့မှာပဲ။

"မောင်...မောင့်ဖုန်းပေး"

အစ်မက မောင့်ဖုန်းကိုလာတောင်းတော့ အိတ်ထဲမှထုတ်ပြီး မောင်လှမ်းပေးလိုက်သည်။ အစ်မက ဖုန်းနံပတ်တစ်ခုအားရိုက်ထည့်နေသည်။

"ရော့ ဒါ အစ်မဖုန်းနံပတ်
မောင် အားတဲ့အချိန် အေးဆေးတွေ့ကြရအောင်နော်"

မောင်အခုလည်း အားတာပဲလေ ဟူသောစကားကိုတော့ လည်ချောင်းကိုကျော်ပြီးထွက်မလာအောင် တင်းထားလိုက်ရသည်။အဲ့ဒီအစား တစ်ခြားစကားတစ်ခွန်းကိုသာ ပြောဖြစ်လိုက်သည်။

အရံလူ (on going)Dove le storie prendono vita. Scoprilo ora