Part 16

2.4K 189 38
                                    

မေတ္တာပေးလို့မေတ္တာပြန်မရတဲ့ရပ်ဝန်းကိုမောင် ရှောင်ဖို့ကြိုးစားနေသည်။တစ်ခါတစ်လေမှာ
ကိုယ့်ဘက်က ဇွဲရှိရှိပေးနေတဲ့အရာတစ်ခုက
တစ်ဖက်သားအတွက် မလိုအပ်တာဖြစ်နေတတ်သည်။ တစ်ခါတစ်လေမှာလည်း လိုအပ်တာထက်ပိုပေးမိတဲ့အရာတွေဟာ တန်ဖိုးမေ့သွားတတ်သည်မဟုတ်လား။ မမှီတဲ့ပန်းကိုလည်း တုံးခုပြီး မလှမ်းချင်တော့။ မတော်လို့ပြုတ်ကျရင်
မောင့်ဒဏ်ရာအတွက် ဝင်နာပေးမယ့်သူရယ်လို့ မရှိဘူးလေ။ ဟိုးအမြင့်က ပန်းလေးကို မောင် ရင်နာနာနဲ့ကျောခိုင်းလိုက်တယ်။ ပင်မြင့်ထက်မှာ
တစ်ပွင့်တည်းအထီးကျန်နေရင်တောင် မောင်ဂရုမစိုက်တော့ဘဲ လှည့်ထွက်ခဲ့တယ်။ ကျောခိုင်းတဲ့
ဒဏ်ရာကို အဲ့ဒီပန်းလေးလည်း ခံစားသင့်တယ်မလား။ဒါမှလည်း မောင့်အတွက် တရားမျှတမှာပဲလေ။ မောင့်ဝါသနာ မောင့်အိပ်မက် မောင့်မာန
မောင့်မှာရှိသမျှတစ်ခုမကျန်အောင် ထိုအမျိုးသမီးအတွက်ရယ်လို့ ပေးဆပ်ပြီး ချစ်ပေးခဲ့တာတောင် မောင့်အချစ်က အရာမထင်ခဲ့ဘူးလေ။ မောင်လည်း တစ်ခါလောက်တော့
လောကကြီးကိုအရွဲ့တိုက်ပါရစေ။

ဒီနေ့မှပဲ ရာသီဥတုကို မောင်ခံစားမိတော့တယ်။ မောင်အလုပ်သွားနေကျ လမ်းလေးမှာ လမ်းမီးတိုင် ဘယ်နှစ်တိုင်ရှိမှန်းကိုလည်း ဒီနေ့မှပဲ မောင် သတိထားမိတော့တယ်။ မောင့်ဘေးကနေ
နံနက်ခင်း ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်သူတွေ စက်ဘီးစီးနေတဲ့သူတွေ သူတို့ကိုလည်း ဒီနေ့မှပဲ မောင် တွေ့မိသလို။ ကိုယ့်အဖြစ်ကို မရယ်ချင်ဘဲ ရယ်ချလိုက်ရသည့်အဖြစ်။ အတော်လေးကန်းခဲ့နေပါရောလား။ မောင့်ဘေးရှိသမျှ တခြားတခြားသော အရာအားလုံးကို သတိမထားမိလောက်အောင်ထိ မောင်ဟာ သူမတစ်ယောက်တည်းအပေါ်ပဲ မောင့်အတွေး မောင့်အကြည့် အရာအားလုံးကိုပုံအပ်ခဲ့မိပါရောလား။
ပစ်ပစ်ခါခါပြောမယ့် လူတစ်ဦးကိုမှ မောင့်ဘက်က နစ်နစ်နာနာကိုချစ်ခဲ့မိခြင်းပါလား။

"လာပြီလား ညီမ"

အတွေးပေါင်းစုံဖြင့်လာခဲ့လိုက်တာ ဆိုင်ကိုရောက်မှန်းတောင်မောင်မသိလိုက်။ တော်သေးသည် အတွေးလွန်ပြီး ဆိုင်ကိုကျော်မသွားလို့။ မောင်ဆိုင်ရှေ့ကိုရောက်သည်နှင့် အစ်ကိုက
မောင့်ကိုပြုံးပြီးဆီးကြိုနေသည်။

အရံလူ (on going)Where stories live. Discover now