Part 9

1.1K 115 3
                                    

ချစ်ခြင်းမေတ္တာနဲ့ လားလားမျှမသက်ဆိုင်တဲ့လူရယ်လို့ သက်သက်ရှိလေမလား။ ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားပေမယ့်လည်း အချစ်ခံရဖို့ကံမပါတဲ့သူ ဆိုပါတော့။ မောင်ကတော့ ဒီတိုင်းပဲ
အဲ့ဒီအချစ်ခံရပ်ဝန်းမှာ ရှင်သန်ဖို့ အခွင့်အရေးမရှိခဲ့တဲ့သူတစ်ယောက်ပါလေ။ လောကကြီးကို
စရောက်လာကတည်းက မေတ္တာတရားနဲ့ပတ်သပ်လာရင် ရောင့်ရဲစိတ်နဲ့ နေခဲ့ရသူပေါ့။မောင့်ဘက်က ပေးသလောက် ပြန်ပြီး ရခဲ့ရိုး ထုံးစံမရှိခဲ့ပါလေ။ တစ်ခါတစ်လေများတော့ ကိုယ်ဟာ
အတိတ်တစ်ခုမှာများ ကျိန်စာသင့်ခဲ့လေသလားလို့ တွေးမိတဲ့ အထိပါပဲ။ ငိုနေတဲ့မျက်ရည်တို့ကို
သုတ်ပေးမယ့်သူမရှိခဲ့သလို ကွဲအက်နေတဲ့ နှလုံးသားကိုလည်း ထွေးပွေ့မယ့်သူ ရှိမှာမဟုတ်ပါဘူး။ ဒီအတိုင်းပဲ..မောင်ဟာ အချစ်ခံလူသား မဟုတ်ခဲ့လို့...။

မျက်စိရှေ့တည့်တည့်မှာ တခြားရင်ခွင်တစ်ခုထဲ မွေ့ပျော်နေတဲ့ ချစ်ရသူကို ကြည့်ဖို့ ခွန်အားတော့
မောင်မှာမရှိ။ ကွဲအက်နေတဲ့ နှလုံးသားမှာ
သွေးစိမ်းရှင်ရှင် မထွက်လာဖို့ ဒီရပ်ဝန်းက မောင်ပြေးထွက်ရလိမ့်မည်။ သို့ပေမယ့်...ခြေထောက်တို့က လှုပ်မရတော့။အသိစိတ်ကတော့ ဒီနေရာက လှည့်ထွက်သွားလိုက်ဖို့ အမိန့်ပေးနေပေမယ့်
မသိစိတ်ကတော့ နာနာကျင်ကျင်နဲ့ တွယ်ကပ်နေတော့သည်။

"ဟင်...မောင်...မောင်မဟုတ်လား"

ခံနိုင်ရည်အားမရှိတော့တာမို့ ဒီနေရာက မောင်
လှည့်ထွက်ဖို့ကြိုးစားလိုက်သည်။ ကံတရားကြီးက မောင့်အပေါ် ရက်စက်သည်ထက်ကို ပိုလွန်နေပါပြီ။ ကျောခိုင်းပြီးလှည့်ထွက်သွားခွင့်တောင် မပေးတော့။ နှလုံးသားတစ်ခုလုံး စုတ်ပြတ်သတ်အောင်ပဲ ဖန်တီးနေတော့သည်။

"မောင်..ဟုတ်တယ်မလား..."

ကျောခိုင်းထားပေမယ့်လည်း ခြေလှမ်းတို့အား ရှေ့တိုး၍မရတော့။ ဘာပဲဖြစ်ဖြစ် မောင် ဟန်ဆောင်ရပေအုံးမည်။ မောင့်ပါးပြင်ထက်က
စီးဆင်းနေသည့် မျက်ရည်ပူများကို သုတ်လိုက်သည်။

"မောင်...တွေ့တာတောင်
နှုတ်မဆက်ဘဲ လှည့်ထွက်တော့မလို့ပေါ့
ဟုတ်လား"

အရံလူ (on going)Where stories live. Discover now