Part 18 (Unicode)

3.7K 208 49
                                    

ငယ်ငယ်တုန်းက ပန်းချီ့နောက်ကပဲ တစ်ကောက်ကောက်လိုက်နေခဲ့တဲ့ကလေး နှုတ်ခမ်းပါးရဲရဲလေးတွေနဲ့ အမြဲလိုလို ပြုံးပြတတ်တဲ့ ထိုကလေးဟာ အခုတော့လည်း ပန်းချီ့အပေါ် ရက်စက်တတ်နေပါရောလား။ မသွားပါနဲ့ဆိုတဲ့ ခရီးကိုရွေးချယ်သွားပြီးတော့ မလျှောက်ပါနဲ့ဆိုတဲ့လမ်းကို ဦးတည်နေပါသတဲ့လေ။ နောက်မှာကျန်ခဲ့တဲ့သူကို
နည်းနည်းလေးတောင် ငဲ့ကြည့်မသွားခဲ့။တစ်ခါတစ်ရံတော့ ဒီကလေးကိုလစ်လျူရှုထား
နိုင်ပေမယ့်။ ခက်သည်။ ပန်းချီ့ရင်ဘတ်ထဲ နှလုံးသားဆိုတဲ့ အရာတစ်ခုရှိနေလေတော့ခက်သည်။ ဘယ်လောက်ပဲ မာကျောချင်ယောင် ဆောင်ဆောင် ဘယ်လောက်ပဲ အဆင်ပြေချင်ယောင်ဆောင်ဆောင် ဆိတ်ကွယ်ရာအရပ်မှာတော့ ပန်းချီ ပြိုလဲရသည်။

"တီ...တီ..."

အိမ်ရှေ့မှထွက်ပေါ်လာသည့်ကားဟွန်းတီးသံတစ်ခုက ပန်းချီ့အတွေးတွေကို ဖြိုခွင်းလိုက်သည်။ သုခမြိုင်ရောက်လာပြီထင်သည်။ ဒီနေ့ သူ့ရဲ့ စာအုပ်မိတ်ဆက်ပွဲအတွက် သွားစရာရှိသည်လေ။ မလိုက်ချင်ဘူး ပြောပေမယ့်လည်း
ငြင်းမရတာကြောင့် ပန်းချီလိုက်သွားရပေအုံးမည်။

"ပန်းချီ..."

ခေါ်သံနဲ့အတူ နီးကပ်လာတဲ့ခြေလှမ်းတို့ကြောင့် ပန်းချီ ပါးပြင်ပေါ်က မျက်ရည်စကလေးအား အမြန်သုတ်လိုက်သည်။ မဟုတ်ရင် ဘာဖြစ်တာလဲ။ ဟိုတစ်ယောက်ကိုလွမ်းလို့လား ဘာညာနဲ့ ပြသနာရှာအုံးမည်။

"အလှပြင်နေတာလား"

"အင်း"

စိတ်မကြည်စွာ သုခမြိုင်ရဲ့အမေးကို အင်းတစ်လုံးတည်းသာဖြေလိုက်သည်။

"အလှပြင်မနေပါနဲ့ကွာ...
ပန်းချီက ဘာမှပြင်စရာမလိုဘဲ
လှနေတာကို"

နောက်ကျောဘက်ကနေပြီး ပန်းချီ့ကိုယ်လေးကို ထွေးဖက်လိုက်တော့ ပန်းချီ တွန့်ခနဲဖြစ်သွားရသည်။ မှန်ထဲကနေလှမ်းမြင်လိုက်ရတဲ့ ကိုသုခမြိုင်ရဲ့အကြည့်စူးစူးကြောင့် ပန်းချီ အနည်းငယ်ပင် လန့်သွားရသည်။ ဒီအိမ်ကြီးထဲမှာ ပန်းချီရယ် သူရယ်ပဲရှိတာမလား။ သူ တစ်စုံတစ်ရာများကြံစည်ရင် ပန်းချီ့အတွက် လွတ်လမ်းဟူ၍ ရှိမည်မဟုတ်။

အရံလူ (on going)Dove le storie prendono vita. Scoprilo ora