Part 4 (zawgyi)

495 19 0
                                    

ဘာလိုလိုနဲ့ လေးနှစ်ဆိုတဲ့အချိန်ဟာလည်းကုန်လွန်သွားပေါ့။သေသောသူကြာရင်မေ့တဲ့လေ။ လောကကြီးထဲမောင့်ကိုတစ်ယောက်တည်းပစ်ထားရက်တဲ့ အမေ့ကိုလည်း အပြစ်မမြင်မိတော့။ မောင့်နာမည်ကိုတောင် တစ်ခါမှမခေါ်ဖူးခဲ့တဲ့ အဖေ့ကိုရော မောင် သတိမရမိတော့။ အရင်တုန်းကလို စောင်ကိုခေါင်းမြီးခြုံပြီးလည်း တိတ်တိတ်လေးကြိတ်ပြီး မငိုမိတော့။ တစ်ယောက်တစ်လေများ မောင့်ဆီကိုလာတွေ့မလားဆိုတဲ့အတွေးနဲ့လည်း ကျောင်းရှေ့ခုံတန်းလေးပေါ်ထိုင်ပြီး မမျှော်ဖြစ်တော့။ တဖြည်းဖြည်းနဲ့ ဒီပတ်ဝန်းကျင် ဒီအသိုက်အမြုံမှာ မောင် နေသားကျလာခဲ့ပါပြီ။ မနက်မိုးလင်းရင် နေရောင်ခြည်လေးကိုကြည့်ပြီး 'နေ့တစ်နေ့ကိုမောင်နဲ့အတူ အစပြုပေးလို့ ကျေးဇူးပါ' ဆိုပြီး နှုတ်ဆက်မိမယ်။ ပြီးတော့ တစ်နေကုန် မောင်တောင့်တနေခဲ့တဲ့ စာကိုသင်မယ်။ကျောင်းကပြန်တော့ လွယ်အိတ်ကလေးကို ပစ်ချလိုက်ပြီး မောင်စိုက်ထားတဲ့ပန်းလေးတွေကို ရေလောင်းမယ် မြက်နှုတ်မယ် ပေါင်းသင်မယ်။ ပြီးတော့ ရေမိုးချိုး ထမင်းစားပြီး မောင်စာဖတ်မယ်။ ဒါပြီးရင်တော့ မောင်စိုက်ထားတဲ့ပန်းလေးတွေ လှလှပပကြီးပြင်းလာတာကို တစ်စိမ့်စိမ့်ကြည့်ရင်း မောင် ချစ်တဲ့ ကဗျာတွေ စာတွေရေးဖြစ်မယ်။ဒါပါပဲ မောင့်ရဲ့တစ်နေ့တာ လုပ်ငန်းတွေဟာ။ မောင့်ရဲ့အပေါင်းအဖော်တွေဟာ နေမင်းကြီးရယ် လေပြေကလေးတွေရယ် နောက်ပြီးတော့ မောင်တယုတယနဲ့ပျိုးထောင်ထားတဲ့ ပန်းကလေးတွေရယ်။ အထီးကျန်သလိုခံစားရတဲ့ညမှာတော့ မောင့်ရဲ့တိုင်ပင်ဖော်လေးဟာ ဟိုးအဝေးကောင်းကင်ထက်က လမင်းကြီးပဲပေါ့။

ဒီပတ်ဝန်းကျင်မှာ မောင်နေသားကျလာခြင်းကလွဲပြီး မောင့်အတွက် ပြောင်းလဲသွားသည့် အရာဟူ၍မရှိပါ။ အရင်လို တစ်ယောက်တည်းပါပဲ။
မောင့်ဖန်တီးထားတဲ့ သီးသန့်ကမ္ဘာလေးမှာ
မောင်အဆင်ပြေနေခဲ့ပါပြီ မိန်းကလေး တစ်ယောက် ဝင်မလာခဲ့တဲ့ အချိန်ထိပေါ့လေ။

"ဒုန်း.."

"အမလေး! "

မောင်ကျောင်းကပြန်လာတုန်း ဘယ်ကမှန်းမသိတဲ့မိန်းကလေးတစ်ယောက်က မောင်စိုက်ထားတဲ့
ပန်းအိုးလေးတွေကိုစက်ဘီးဖြင့်ဝင်တိုက်လိုက်သည်။ သွားပါပြီ ။ မောင် မြတ်နိုးရတဲ့အရာလေးတွေ မောင့်ရဲ့အဖော်လေးတွေ။ ကွဲကြေနေတဲ့ ပန်းအိုးလေးနဲ့ မြေကြီးကနေလွတ်ထွက်သွားတဲ့ နှင်းဆီပင်ကလေးကို မောင် နှမြောတသစွာ ကောက်ယူလိုက်မိသည်။

အရံလူ (on going)Where stories live. Discover now