မနက်မိုးလင်းလို့ပန်းချီအိပ်ယာထတာနဲ့မောင့်ကိုလိုက်ရှာကြည့်သေးသည်။ မောင်ထွက်သွားပြီထင်၏။ အိပ်ယာဘေးနားက စားပွဲပေါ်တွင်ကပ်ထားသည့်stikerလေးတစ်ခုကိုတွေ့လိုက်ရသည်။ "Mornee မ မောင်အလုပ်သွားပြီနော်
မအတွက် မနက်စာလုပ်ထားခဲ့တယ် စားပြီးမှ ကျောင်းသွားနော်"ဟု မောင့်လက်ရေးဝိုင်းဝိုင်းကလေးတွေနဲ့ရေးထားခဲ့တဲ့ စာလေး။ Stiker လေးကိုခွာယူလိုက်ပြီး အံဆွဲလေးကိုဖွင့်ကာ ပန်းချီသိမ်းထားလိုက်မိသည်။ မောင် အလုပ်လုပ်နေသည်ဆိုပဲ။ ဘယ်နေရာမှာများလုပ်နေသည်ကိုပန်းချီမသိ။ ဟိုတစ်ခါတွေ့ခဲ့သည့် ဆိုင်က ညနေမှလုပ်ရတာဆိုတော့ အခုတစ်ခါအလုပ်က ဘယ်မှမှန်းမသိ။ လောကကြီးမှာ တစ်ယောက်တည်း ဖြစ်နေတာချင်းအတူ မောင်က ပန်းချီထက် ပိုပြီး သန်မာသေးသည်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားနေသည်။ ကိုယ့်လုပ်အားနဲ့ကိုယ် ကျောင်းတက်နိုင်တဲ့မောင့်ကို ပန်းချီချီးကျူးမိပါသည်။ ပန်းချီကတော့ အမေတို့ချန်ထားခဲ့သည့် ငွေအနည်းငယ်နဲ့ ပန်းချီ့ပညာရေးကို ရှေ့ဆက်နေရသည်။ပန်းချီ ရေမိုးချိုး အဝတ်အစားလဲပြီး မနက်စာစားရန် အောက်ထပ်သို့ဆင်းခဲ့သည်။ မောင်လုပ်ပေးထားခဲ့တဲ့ မနက်စာ ပူပူလေးကို ပန်းချီစားလိုက်သည်။ တစ်ခါတစ်လေများတော့ မောင့်ကို ပန်းချီအားနာမိသည်။ မောင်က ပန်းချီ့အပေါ် ကောင်းပေးလွန်းသည်မလား။ ပန်းချီအပေါ် အမြဲတမ်း နားလည်ပေးနိုင်လွန်းသည်။ ပန်းချီသာ မောင့်အကြောင်းကို ရေရေရာရာမသိ။
"အစ်မ ပန်းချီ..."
"အော်...လဲ့....လာလေ
မနက်စာစားရအောင်""ဟုတ်...အစ်မပန်းချီကို
လဲ့ အရေးတကြီးပြောစရာရှိလို့""ဘာများလဲ လဲ့ရယ်...ပြောလေ"
"မနေ့က လဲ့လိုင်းပေါ်မှာတွေ့လိုက်တာလေ
ပညာသင်စရိတ်ထောက်ပံ့ပေးတဲ့အဖွဲ့အစည်းတစ်ခုကို အဲ့ဒါ အစ်မပန်းချီ စိတ်ဝင်စားမလားလို့""လိုင်းပေါ်တွေ့တာတွေက
ယုံရပါ့မလား လဲ့ရဲ့""ဟာ..အစ်မပန်းချီကလည်း
မယုံရစရာမရှိပါဘူး
အဲ့အဖွဲ့အစည်းက လူတစ်ယောက်နဲ့
လဲ့တို့သူငယ်ချင်းတစ်ယောက်က
ရင်းနီးတယ်လေ အဲ့ဒါကြောင့်
လဲ့လည်းယုံတာ...
ဒီအတိုင်း ဖောင်ဖြည့်လိုက်ယုံပဲကို
ရတော့ အမြတ်
မရတော့လည်း အရင်းပေါ့"
ВЫ ЧИТАЕТЕ
အရံလူ (on going)